လူမှုစီးပွားထိခိုက်မှုနည်းပါးရေးကြိုးပမ်း

လူမှုစီးပွားထိခိုက်မှုနည်းပါးရေးကြိုးပမ်း


Ministry of Information/ ​နေပြည်တော် / March 30, 2020


လူရွက်လျက်ရှိရာ လူစုလူဝေးမလုပ်ဆောင်နေသူတွေ့ခြင်းမရှိကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့ကျစေရေး တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်လျက် ရှိသည်။ ကပ်ဘေးရောဂါသည် အချိန်ကာလ အတိုင်းအတာတစ်ခုအထိကြာမြင့်နိုင်ပြီး တစ်နေ့တွင် ရောဂါ အဆုံးသတ်ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် အဆိုပါရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မည့် အရေးကို တွေးတောပြင်ဆင်နေရဦးမည် ဖြစ်သည်။

ရောဂါအများဆုံးဖြစ်ပွားသေဆုံးနေသည့် ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများအနေဖြင့် ရောဂါကြောင့် ပြည်သူများ ထိခိုက်ခံစားရမှုကို ဖြည့်ဆည်းကုစားပေးနိုင်ရေး၊ စီးပွားရေးထိခိုက်မှုကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဖိဖိစီးစီးဆောင်ရွက်နိုင်သော်လည်း ဥစ္စာဓနမကြွယ်ဝသည့် နိုင်ငံငယ်များ မှာမူ ရောဂါဖြစ်ပွားမှု မများသည့်တိုင် လူမှုစီးပွားရိုက်ခတ်မှု၊ ထိခိုက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင်သည်။

ယနေ့ကာလ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးသာရှိသည် ဆိုသော်လည်း ရောဂါဖြစ်ပွားသေဆုံးမှု မဖြစ်ပေါ်ရေး၊ မတိုးပွားရေးအတွက် လူထုလှုပ်ရှားမှု အမျိုးသားရေးအသွင်ဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ လူတစ်ဦးမှအစ ရောဂါကူးစက်သူများမလာစေရန် ကြိုတင်ကာကွယ်ရေး၊ လူစုလူဝေး မဖြစ်ရေး လိုက်နာရမည့်အချက်များ၊ ကန့်သတ်ရမည့်ကိစ္စများကို မဖြစ်မနေလုပ်ဆောင်နေသည်။

လူစုလူဝေးမဖြစ်ရန်၊ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိတွေ့ခြင်းမရှိရန် ကန့်သတ်မှုများပြုလုပ်ခြင်းသည် တစ်မျိုးသားလုံးအရေးဖြစ်၍ မိမိတို့တစ်ဦးချင်း ထိခိုက်နစ်နာမှုများရှိနေသော်လည်း အသိတရားဖြင့် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။

ဖြစ်ပေါ်လာနိုင်သော လူမှုစီးပွားဘဝထိခိုက်မှုများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးမျိုးအဖုံဖုံ နည်းလမ်းရှာဖွေ စီစဉ်ဆောင်ရွက်ပေးနေပြီး အခြေခံလူတန်းစားပြည်သူများ အလုပ်အကိုင်ထိခိုက်မှု လျော့နည်းစေရေးနှင့် လုပ်ငန်းငယ်လုပ်ကိုင်သူများ ထိခိုက်နစ်နာမှုကိုကုစားနိုင်ရန် ချေးငွေ ထုတ်ပေးရေး အစီအစဉ်များကို ဆောင်ရွက်နေသည်။ COVID-19 ရောဂါကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးဆုံးဖြတ်ချက်အရ လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရ သည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစား ရမည့်ကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။

အဆိုပါဦးစားပေးလုပ်ငန်းများအား ကျပ်ဘီလီယံ ၁၀၀ ကနဦးမတည်၍ COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ်ခဲ့ပြီး ချေးငွေကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများ၌ အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွား မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ချေးငွေများရရှိရေးအတွက် သက်ဆိုင်ရာဌာနများတွင် လျှောက်လွှာများထုတ်ယူကာ မတ်လ ၃၀ ရက်နေ့မှပြီလ ၉ ရက်နေ့အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းရုံးများ တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍအားဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့် အတူရန်ပုံငွေကျပ် ဘီလီယံ ၁၀၀ ကိုလုပ်ငန်းကဏ္ဍအလိုက် အမှန်တကယ်လိုအပ်ပြီး ရသင့်ရထိုက်သောလုပ်ငန်းများ ချေးငွေ ရရှိနိုင်ရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းများအား ချေးငွေထုတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလ အတွင်း ချေးငွေပြန်လည်ပေးဆပ်နိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့ အစည်းများအလိုက် ပူးပေါင်းဆောင်ရွက် သွားကြ မည်ဖြစ်ရာ လုပ်ငန်းရှင်များကလည်း မိမိတို့လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေး၊ ပြည်သူများ ရောင်းဝယ် ဖောက်ကားလုပ်ကိုင်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ CoVID-19 ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများရှိလာ မည်ဖြစ်ရာ နိုင်ငံတော်က ပံ့ပိုးပေးသည့် စီးပွားရေးလုပ်ငန်းများအား ထိထိရောက်ရောက်လုပ်ကိုင်ခြင်းဖြင့် ပြည်သူများအခြေပျက်၊ အနေပျက်မဖြစ်ဘဲ ရောဂါကာကွယ်ရေးဆိုင်ရာအချက်များကို လေးစားလိုက်နာရင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

HOT NEWS
January 4,