လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံး (သုံးဘီး) မော်တော်ဆိုင်ကယ်များ မြန်မာစက်မှုဆိပ်ကမ်းသို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံး (သုံးဘီး) မော်တော်ဆိုင်ကယ်များ မြန်မာစက်မှုဆိပ်ကမ်းသို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း
Ministry of Planning and Finance/ Yangon, Myanmar Industrial Port / July 28, 2023
လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံး (သုံးဘီး) မော်တော်ဆိုင်ကယ်များ မြန်မာစက်မှုဆိပ်ကမ်းသို့ ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် JINPENG အမျိုးအစား၊ လျှပ်စစ်သုံး (သုံးဘီး) မော်တော်ဆိုင်ကယ် (၅၀) စီးသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ NCX MYANMAR Co.,Ltd မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် WUYANG HONDA အမျိုးအစား၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၉၆) စီး သည် (၂၅-၇-၂၀၂၃) ရက်နေ့တွင်လည်းကောင်း မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ အသီးသီးရောက်ရှိလာပြီး (၂၈-၇-၂၀၂၃) ရက်နေ့တွင် အဖွဲ့စုံဖြင့်စစ်ဆေးခဲ့ရာ ကိုက်ညီမှန်ကန်မှုရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး(သုံးဘီး)မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
