လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကျင်းပ

လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကျင်းပ


Ministry of Information/ ရန်ကုန် / February 14, 2020


ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

သွန်းလုပ်

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြ၊ လွတ်လပ်ရေးဖခင်နှင့် မြန်မာ့ တပ်မတော်ကို ထူထောင်ခဲ့သော တပ်မတော်ဖခင်ကြီး၏(၁၀၅)နှစ်ပြည့် မွေးနေ့တွင် ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုဂုဏ်ပြု သောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ထားရှိဖွင့်လှစ်ခြင်းသည် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါ ကြောင်း၊ (၂၁)ရာစု ပင်လုံညီလာခံ အစည်းအဝေးကြီးမှ ဖက်ဒရယ် ပြည်ထောင်စုကြီး ကို တည်ထောင်နိုင် ရန် ဆက်လက်ကြိုးစား ရုန်းကန်ကြရ မည့် အချိန်ကာလတွင် ပြည်ထောင်စု တစ်ဝန်း ညီညွတ်ရန် လိုအပ်ပါ ကြောင်း၊ ထိုညီညွတ်မှုဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံ အလယ်တွင် ဂုဏ်တင့်စေရန် ဆက်လက် ကြိုးပမ်းရမည်ဖြစ်ရာ ဂုဏ်ပြုရမည့်သူများကို ဂုဏ်ပြုရ မည်ဖြစ်၍ မျိုးဆက်သစ်လူငယ်များ စံနမူနာယူထိုက်၊ လေးစားထိုက် သော ပုဂ္ဂိုလ်များ၏ စိတ်ဓာတ်များ လက်ဆင့်ကမ်းနိုင်ရန် ယနေ့အခါ တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တု ကို သွန်းလုပ်ဖွင့်လှစ်ရခြင်း ဖြစ်ပါ ကြောင်း ပြောကြား သည်။

အမွှေးနံ့သာများ ပက်ဖျန်း

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီဝင် များက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု အား အမွှေးနံ့သာများ ပက်ဖျန်းကြ သည်။

ကြိုးပမ်းခဲ့

ဗိုလ်ချုပ်ကြေးရုပ်တုသည် ကြေးပိဿာချိန် ၃၅၅ ပိဿာ၊ အမြင့် ကိုးပေ ခြောက်လက်မရှိပြီး မန္တလေး မြို့ တမ္ပဝတီ ဦးသန်းဇော်က သွန်းလုပ်ခြင်းဖြစ်သည်။ ဗိုလ်ချုပ် ကြေးရုပ်တုဖွင့်လှစ်နိုင်မှုနှင့်စပ်လျဉ်း၍ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဝင်းက “လှိုင်သာယာမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြည်သူတွေ ကြိုးပမ်းခဲ့တာကြာပါပြီ။ ပြည်သူတွေ လှူဒါန်းငွေနဲ့ ပြည်သူတွေထားရှိ လိုတဲ့နေရာမှာ ထားရှိနိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူနေကြပါ တယ်။ ဗိုလ်ချုပ်မွေးနေ့မှာပြည်သူ နဲ့ဌာနဆိုင်ရာ ပူးပေါင်းပါဝင်မှု ကြောင့် အောင်မြင်မှုအပေါ် လှိုင်သာယာ ပြည်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

သန်းထိုက်၊ ဓာတ်ပုံ - သစ္စာ

HOT NEWS
January 4,