သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေကို လက်ကိုင်ထားပြီး နိုင်ငံတော်၏ အခြေအနေမှန် သတင်းဖော်ပြချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများသိရှိအောင် ဆောင်ရွက်

သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေကို လက်ကိုင်ထားပြီး နိုင်ငံတော်၏ အခြေအနေမှန် သတင်းဖော်ပြချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများသိရှိအောင် ဆောင်ရွက်


Ministry of Information/ Naypyitaw / February 22, 2024
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကောင်စီဝင်များ လပတ်ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တက်ရောက်အမှာစကား ပြောကြားသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့် အချိန်အခါဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပြီး နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူညီညွတ်စွာ လက်တွဲဆောင်ရွက်နိုင်အောင် အခက်အခဲများကြားမှ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ယနေ့အများပြည်သူ စိတ်ဝင်စားနေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲနှင့် အဆင့်ဆင့်သော တာဝန်ရှိသူများက ပြည်သူလူထု သိရှိလိုက်နာနိုင်အောင် ရှင်းလင်းပြောကြားနေလျက်ရှိကြောင်း။

သို့ရာတွင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကင်းမဲ့သော မီဒီယာအဖွဲ့အစည်းအချို့က သတင်းမှားမျိုးစုံဖြင့် လုပ်ကြံဖန်တီး ထုတ်လွှင့်နေသောကြောင့် ပြည်သူများ စိုးရိမ်စိတ်ဖြစ်ပေါ်နေမှု ရှိနေပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့ လိုက်နာဆောင်ရွက်ရမည့်တာဝန်ကို ဥပဒေနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ သတင်းမီဒီယာကောင်စီအနေဖြင့်လည်း သတင်းမှားများကို သတင်းမှန်ဖြစ်အောင် ထိန်းကျောင်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေကို လက်ကိုင်ထားပြီး နိုင်ငံတော်၏ အခြေအနေမှန် သတင်းဖော်ပြချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများသိရှိအောင် စည်းရုံးဟောပြောခြင်း၊ သင်တန်းများဖွင့်ပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နိုင်သည့် သတင်းသမားများ ပေါ်ထွန်းရေးကို ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် အဖွဲ့စနစ်ဖြင့် ညီညွတ်စွာ ဆောင်ရွက်သင့်သည်များကို ကျန်သက်တမ်းကာလအတွင်း လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ကောင်စီဝင်များက လိုအပ်သည်များကို အကြံပြုဆွေးနွေးကြကြောင်း သိရသည်။                

သတင်းစဉ်

HOT NEWS
January 4,