သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကျင်းပ


Ministry of Information/ Naypyitaw / June 29, 2022
image_latest


နေပြည်တော် ဇွန် ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်တောင်(၃)ကြိုးဝိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သတ်မှတ်နေရာတွင် မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများက ကျွန်းနှင့်တမလန်း ပျိုးပင်များကို စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ သည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြား ရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက ပျိုးပင်များကို စိုက်ပျိုးကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် စုစုပေါင်းအင်အား ၃၅၀ ဖြင့် အဖိုးတန် သစ်မျိုးများ ဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်းဝင်၊ မဟော်ဂနီပျိုးပင်အပါအဝင် ကြီးမြန်သစ်မျိုး ၁၃ မျိုးနှင့် ဝါးမျိုး ၃ မျိုး စုစုပေါင်း ပျိုးပင် ၆၅၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျိုးပင် ၉,၆၆၁,၄၆၇ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခြင်း၊ လူထုဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,