အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း ၁၅၁ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်း ၇၉ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရ

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း ၁၅၁ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်း ၇၉ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရ


Ministry of Information/ Naypyitaw / November 29, 2021
image_latest


နေပြည်တော် နိုဝင်ဘာ ၂၈

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ပုဂ္ဂလိက ပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀  ရက်အထိ နိုင်ငံတော်ပိုင်ပစ္စည်း ၁၅၁ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်း ၇၉ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း များ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ် သွားကြပါရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်

HOT NEWS
January 4,