အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / December 02, 2022


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများက အင်းတော်မြို့မရဲစခန်းအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ၄၀ မမဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီတွင် အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံ အကြမ်းဖက်သမားအင်အား (စိစစ်ဆဲ)က ရဲစခန်း၏ မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဗန်းမောက်လမ်းဆုံဘက်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများသည် သက္ကယ်ကျင်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

အကြမ်းဖက်သမားများ၏ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ရဲစခန်းအနီးနေ အပြစ်မဲ့အရပ်သားပြည်သူများဖြစ်သည့် ဒေါ်စိန်ရင် (၅၀)နှစ်၊ ဒေါ်မိုးဥမ္မာကျော် (၄၇)နှစ်၊ ဒေါ်သဲကော (၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊ ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊ ဒေါ်ခင်ထွေးစိန် (၃၇)နှစ်နှင့် ဒေါ်ကေသွယ်ဝင်း (၄၆)နှစ်တို့ ခုနှစ်ဦးတို့တွင် မစိုးရိမ်ရ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

ထိုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,