အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်


Ministry of Information/ Naypyitaw / June 28, 2022
image_latest


နေပြည်တော် ဇွန် ၂၈

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ၊ ပညာရေး အဆောက်အဦများအား မိုင်းဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသား ၁၉၆ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းအရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ်အသံမိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ခြိမ်းခြောက်စာများ ရေးသားထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်း ငွေအာကာအဆောင်ရှိ ၁၀ တန်း A ခန်းနှင့် B အခန်းကြား ဆရာ၊ ဆရာမများ နားနေဆောင်ရှေ့ ကွန်ကရစ်လျှောက်လမ်းပေါ်တွင် အုတ်ခဲကျိုးအပိုင်းအစဖြင့် ရေးသားထားသည့် ခြိမ်းခြောက်စာများအားတွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနေ ညင်းထွေးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စိန် (၅၃)နှစ် (ဘ)ဦးဘမြင့်၏ နေအိမ်သို့ ခြိမ်းခြောက်စာပို့သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ရှေ့ ၁၀ ပေခန့် အကွာ ခြံစည်းရိုးအနီးတွင် ပလတ်စတစ်အဖြူရောင်အိတ်ဖြင့် ထည့်ထားသော ခြိမ်းခြောက်စာ ၁ စောင်နှင့် ၅.၅၆ ကျည် ၁ တောင့်တို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်း ဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,