အာရှဒေသသန့်ရှင်းသော လျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အာရှဒေသသန့်ရှင်းသော လျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / December 05, 2020
image_latest


 

 နေပြည်တော် ဒီဇင်ဘာ ၅

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၆)ကြိမ်မြောက်ညီလာခံ၊ စွမ်းအင်ကဏ္ဍ အသွင် ကူးပြောင်းရေး ကောင်စီ (Energy Transition Council) အစည်းအဝေးကို ကွန်ဗင်းရှင်း၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူဆောင်ရွက်သည့် ဗြိတိန်နိုင်ငံမှဦးဆောင်၍ ဒီဇင်ဘာ ၄ ရက်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် အာဖရိက ဒေသ၊ အာရှဒေသနှင့် စီးပွားရေး အသွင်ကူးပြောင်းဆဲနိုင်ငံများအဖွဲ့(၃)ဖွဲ့ ခွဲ ပြီး တစ်ပြိုင်တည်း ကျင်းပသည်။

အာရှဒေသ သန့်ရှင်းသောလျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် တို့ပါဝင်ဆွေးနွေး ခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် အာရှဒေသတွင်းနိုင်ငံများမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် သန့်ရှင်းသော စွမ်းအင်သုံးစွဲမှု လျင်မြန်စွာတိုးမြှင့်နိုင်ရေးအတွက် တွေ့ကြုံ ရမည့်အခက်အခဲများကို ကျော်လွှားနိုင်မည့် အစီ အစဉ်များ၊ လိုအပ်မည့်အထောက်အပံ့များ၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာကွန်ဗင်း ရှင်း၊ စွမ်းအင်ကဏ္ဍအသွင် ကူးပြောင်းရေးကောင်စီမှ ပံ့ပိုးပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က လက်ရှိမြန်မာနိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်လိုအပ်ချက်များ ပြည့်မီရေးအတွက် နိုင်ငံ၏ မဟာဓါတ်အားလိုင်းကွန်ယက်စနစ် အဆင့်မြှင်တင်ခြင်း၊ တိုးချဲ့ခြင်း များအပါအဝင် အခြားသော အခြေခံ အဆောက်အဦများ လိုအပ်လျက်ရှိကြောင်း၊ ကျေးလက် ဒေသနေပြည်သူ များ လျှပ်စစ် ရရှိရေးအတွက် စွမ်းအင် ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦများ များစွာလိုအပ်နေ ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် သန့်ရှင်းသော စွမ်းအင်ထုတ်ယူရရှိရေး နိုင်ငံတကာမှ အထောက် အပံ့များ လိုအပ် ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သော အမျိုးသား လျှပ်စစ်ဓာတ်အားပင်မစီမံချက်ပါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု စွမ်းအင်အချိုးအစားကို ပိုမိုသန့်ရှင်းသော စွမ်းအင်အရင်းအမြစ် များ (ပြန်ပြည့်မြဲ စွမ်းအင်နှင့် သန့်ရှင်းသောဓာတ်ငွေ့ စသည်ဖြင့်)၏ အချိုးအစား တိုးမြှင့်ပါဝင်ရေး ရည်မှန်း၍ ပြင်ဆင် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင်လည်း မဟာဓာတ် အားလိုင်း စနစ်ဖြင့် ဖြန့်ဖြူးနေသလို အခြားတစ်ဖက်တွင်လည်း မဟာဓာတ် အားလိုင်း ရောက်ရှိ ခြင်း မရှိသေးသည့်နေရာများ၌ ကျေးလက် မီးလင်းရေး အတွက် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်ဆီ တို့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ ဒေသတွင်း ဓာတ်အားဖြန့်ဖြူးရေး ကွန်ယက် စနစ်ဖြင့်လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သန့်ရှင်းသောစွမ်းအင် အသုံးပြုမှု တိုးမြှင့်နိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေရေး ဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသလို အခြားတစ်ဖက် တွင်လည်း စွမ်းအင်သုံးစွဲမှု အလေအလွင့် မရှိစေရေးအတွက် စွမ်းအင်ခြွေတာရေးဆိုင်ရာ လမ်း ညွှန်ချက်များ (Energy Conservation Guidelines) ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပါရီသဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံများမှ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအလိုက် ကွန်ဗန်းရှင်းသို့တင်ပြရမည့် ရာသီဥတု ပြောင်းလဲ မှုလျော့ချ ရေးအတွက် ကာဗွန်ထုတ်လွှတ်မှုလျော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်သုံးစွဲမည့် အစီ အစဉ်(Nationally Determined Contributions) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ နည်း ပညာနှင့် ရန်ပုံငွေ အကူအညီပံ့ပိုးမှုများရရှိပါက ၂၀၃၀ ပြည့်နှစ်တွင် ရေအား၊ နေရောင်ခြည်နှင့် လေစွမ်းအင်တို့မှရရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု (၅၄)ရာခိုင်နှုန်း မြှင့်တင်ရန် ထည့် သွင်းဖော်ပြသွား မည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံစီမံကိန်း (၂၉) ခုအား ပုဂ္ဂလိက ကဏ္ဍသို့ ခွင့်ပြုပေးခဲ့ပြီး အဆိုပါစီမံကိန်းများ အကောင်အထည်ဖော် ပြီးစီးပါက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်း အထိ မြင့်တက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် စွမ်းအင် ထုတ် လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့တွင် အလေ အလွင့်မဖြစ် စေရန် လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများအတွက် နည်းပညာနှင့် ရန်ပုံငွေ အထောက် အပံ့များ ယခုထက် ပိုမိုရရှိရန် ကြိုးစားရှာဖွေလျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍ အသွင် ကူးပြောင်း ရေးကောင်စီ (Energy Transition Council) အနေဖြင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် အပါအဝင် နိုင်ငံ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲ ပြဌာန်း ထားသည့်အချက်များနှင့်အညီ အစိုးရ ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများသို့ နည်းပညာ၊ လုပ်ငန်းရန်ပုံငွေနှင့် ရင်းနှီး မြှုပ်နှံမှုများရရှိစေရေး ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လက်ရှိနိုင်ငံ၏ မဟာဓာတ်အား လိုင်း စနစ်အတွင်း ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင် ထည့်သွင်း ဖြန့်ဖြူးနိုင်ရန်အတွက် လိုအပ်သည့် ဓာတ်အားစနစ်၊ ဓာတ် အားကွန်ယက် အဆင့်မြှင့်တင်မှုများ၊ ဘူမိအပူစွမ်းအင် အပါအဝင် စွမ်းအင်အသစ်များ စူးစမ်း လေ့လာမှုများ ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားဒေသများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနိုင်ရေးနှင့် စပ်လျဉ်း၍ ကမ်းရိုးတန်းဒေသများအတွက် ပင်လယ်ဒီရေလှိုင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ တောင်ပေါ် ဒေသများအတွက် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် ဒေသများ အတွက် စပါးခွံဇီဝဒြပ်ထု လောင် စာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအတွက် အထောက်အပံ့များ အဓိက လိုအပ်လျက်ရှိ ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အစည်းအဝေးကို မြန်မာ နိုင်ငံအပါအဝင် ဘင်္ဂလားဒေရှ့်၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ ပတ်ဝန်း ကျင်နှင့်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ် ဖက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

HOT NEWS
January 4,