အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ


Ministry of Sports and Youth Affairs/ Nay Pyi Taw / August 16, 2022


ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ "၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ပွဲစဉ်များကို ယနေ့နံနက်(၁၀:၀၀)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် အမျိုးသား(-၇၃)ကီလိုတန်း၊ (-၈၁)ကီလိုတန်း၊ (-၉၀)ကီလိုတန်း၊ (+၉၀)ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီး (-၆၃)ကီလိုတန်း၊(-၇၀)ကီလိုတန်း၊ (+၇၀)ကီလိုတန်းပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား (-၄၀)ကီလိုတန်းပြိုင်ပွဲ တွင် ပထမ မြင့်မြတ်ဦး(ရန်ကုန်)၊ ဒုတိယ ဂျူနီယာခေါင်လွမ်း(ကချင်)၊ တတိယ ဉာဏ်လင်းထက်(ရှမ်း)၊ ပူးတွဲတတိယ ပြည့်စွမ်းကို(ဧရာဝတီ)တို့အား ရန်ကုန်တိုင်းဒေသကြီးအသင်းအုပ်ချုပ်သူ ဦးအောင်နိုင်ဦးမှလည်းကောင်း၊ အမျိုးသား(-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အောင်ကို(ကချင်)၊ ဒုတိယ ဝင်းသိန်းထွန်း(ရန်ကုန်)၊ တတိယ အလင်းရောင်(ရှမ်း)၊ ပူးတွဲတတိယ သက်ပိုင်ကို(ဧရာဝတီ)တို့အား ကချင်ပြည်နယ်အမျိုးသမီးအသင်းအုပ်ချုပ်သူ ဒေါ်အေးမြမြသွယ်မှလည်းကောင်း၊ အမျိုးသား(-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ခိုင်စိုးသူ(ရန်ကုန်)၊ ဒုတိယ ကျော်ဝင်းထွဋ်(ကချင်)၊ တတိယ စိုးမိုးကျော်(ရခိုင်)၊ ပူးတွဲတတိယ တိုးတက်အောင် (ဧရာဝတီ)တို့အား ဧရာဝတီတိုင်းဒေသကြီး အသင်းအုပ်ချုပ်သူ ဦးစိုင်းဝေလင်းနောင်မှလည်းကောင်း၊ အမျိုးသမီး(-၃၆) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ ဇင်မာနွေး(တနင်္သာရီ)၊ဒုတိယ ခင်ခင်ထွေး(ကချင်)၊ တတိယ ယမင်းရူပါမွန်(မွန်)၊ ပူးတွဲတတိယ ဖြိုးသက်ခိုင်(ဧရာဝတီ)တို့အား မွန်ပြည်နယ်အသင်းအုပ်ချုပ်သူ ဒေါ်အေးစုဟန်မှလည်းကောင်း၊အမျိုးသမီး (-၃၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အိအိသဇင်ဇော်(ကချင်)၊ ဒုတိယ မေသဉ္ဇာဦး(တနင်္သာရီ)၊ တတိယ နန်းပပဇင်(မန္တလေး)၊ ပူးတွဲတတိယ ခင်သူသူလင်း(ဧရာဝတီ)တို့အား ကချင်ပြည်နယ် အမျိုးသားအသင်းအုပ်ချုပ်သူ ဦးသာဝမှလည်းကောင်း၊ အမျိုးသမီး (-၄၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဆောင်ယုံ(ကချင်)၊ ဒုတိယ ထက်ထက်လင်း(ဧရာဝတီ)၊ တတိယ ဇင်ဇင်ဇော်(ရခိုင်)၊ ပူးတွဲတတိယ နှင်းဝေဦး (မန္တလေး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ဦးဇော်လွင်မှလည်းကောင်း၊ အမျိုးသား(-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဖြိုးသက်ဇော် (ကချင်)၊ ဒုတိယ မျိုးမင်းအောင်(ဧရာဝတီ)၊ တတိယ သူရကျော် (တနင်္သာရီ)၊ ပူးတွဲတတိယ မိုင်နီထွန်းကျော်(ချင်း)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်ကြည်ကြည်ဝေ မှလည်းကောင်း၊ အမျိုးသား (-၆၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ စိုင်းဖွန်လောင်(ရှမ်း)၊ ဒုတိယ မိုးကျော်ကျော်(ကချင်)၊ တတိယ နိုင်နိုင်ဝင်း(ရခိုင်)၊ ပူးတွဲတတိယ ထက်ကိုဝင်း(ကရင်)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြချုပ် ဦးဉာဏ်စိုးမှလည်းကောင်း၊ အမျိုးသား (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဟိန်းမင်းထက် (ရှမ်း)၊ ဒုတိယ လှိုင်မင်းခန့်(စစ်ကိုင်း)၊ တတိယ နိုင်ဌေး(မွန်)၊ ပူးတွဲတတိယ အောင်လှိုင်ဘုန်း(ပဲခူး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစည်သူဇော်မှလည်းကောင်း၊ အမျိုးသမီး (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ တင်ဇာမြင့်(ကချင်)၊ ဒုတိယ အေးချမ်းမိုး(မန္တလေး)၊ တတိယ နန်းစန္ဒာစိုး(ကရင်)၊ ပူးတွဲတတိယ သဲစုပုံ (ပဲခူး)တို့အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးမှလည်းကောင်း၊အမျိုးသမီး(-၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဘန်တောမ် (ကချင်)၊ ဒုတိယ နန်းသက်ထားပျို(ကရင်)၊ တတိယ အေးအေးလွင်(ရှမ်း)၊ ပူးတွဲတတိယ အေးချမ်းဖြိုး(မန္တလေး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးမှလည်းကောင်း၊ အမျိုးသမီး(-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ပိုးအိလွင်(ကချင်)၊ဒုတိယ အေးပပဖြိုး (ရန်ကုန်)၊တတိယ မေသက်ပိုင်(မွန်)၊ပူးတွဲတတိယ စန္ဒာဝင်း(ချင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှလည်းကောင်း၊အမျိုးသမီး(-၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ သဲသိမ့်သိမ့်သူ(ဧရာတီ)၊ဒုတိယ ခေါ်မိုင်(ကချင်)၊ တတိယ ဘောမို(ကယား)၊ ပူးတွဲတတိယ သက်နှင်းခိုင်(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလွင်မှလည်းကောင်း၊ အမျိုးသား (KATA) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ ကျော်ဝင်းထွဋ်၊ သီဟ(ကချင်)၊ ဒုတိယ မိုးကျော်ကျော်၊ ဖြိုးသက်ဇော် (ကချင်)၊ တတိယ အောင်ဝေဖြိုး၊ လှိုင်မင်းခန့်(စစ်ကိုင်း)၊ ပူးတွဲတတိယ မျိုးမင်းထွန်း၊ ခိုင်စိုးသူ(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊ အမျိုးသမီး (KATA)ကီလိုတန်းပြိုင်ပွဲတွင် ပထမ တင်ဇာမြင့်၊ ပိုးအိလွင်(ကချင်)၊ ဒုတိယ အေးချမ်းမိုး၊ အေးချမ်းဖြိုး (မန္တလေး)၊ တတိယ ဝေဇင်ဦး၊ ခင်သက်မွန်(ကချင်)၊ ပူးတွဲတတိယ နန်းပပဇင်၊ ခင်ဝေဦး(မန္တလေး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ "၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ကို ဩဂုတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ နံနက်(၁၀) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,