ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေး တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေး တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / November 15, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ ကလေး တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်၊ ထနီးကျေးရွာအနီး မအူပင်-တွံတေးသွားကားလမ်း မိုင်တိုင်အမှတ် ၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မအူပင်)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မအူပင်မြို့မှ တွံတေးမြို့သို့ ကျိုက်လတ်မြို့၊ သာယာဝဲ ကျေးရွာနေ မင်းထက်(၂၇)နှစ် မောင်းနှင်ပြီး အောင်ပိုင်(၃၀)နှစ် လိုက်ပါလာသော MDY-26/2G-XXXX FOTON AUMARK ဖြူ/ပြာရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့တွင် မအူပင်မြို့နယ်၊ သံကြိုးတိုင်ကျေးရွာနေ ဒေါ်အေးမြင့်(၂၈)နှစ် စီးနင်းပြီး နောက်တွင် သားဖြစ်သူ မောင်ဇင်ကိုနိုင်(၇)နှစ် လိုက်ပါလာသော စက်ဘီးအား ဝင်ရောက်တိုက်မိသဖြင့် မောင်ဇင်ကိုနိုင်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဒေါ်အေးမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မင်းထက် အား မအူပင်မြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
