၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / December 05, 2020
image_latest


 

နေပြည်တော် ဒီဇင်ဘာ ၅

ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေးလုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ Virtual Meeting စနစ်ဖြင့် ကျင်းပ သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဉီးလှကျော်က ပြောင်းလဲသက်ရောက်လာလျက် ရှိသည့် ရာသီဥတုဖြစ်စဉ် များကြောင့် မိုးရွာသွန်းမှု လျော့နည်းလာခြင်း နှင့်အတူ စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့် ဆည်တမံကြီးများအတွင်း ဝင်ရေ သိသာစွာ ကျဆင်းခဲ့သဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိသည့် ရေလိုအပ်ချက်များသော နွေစပါးနေရာတွင် ဒေသနှင့်ကိုက်ညီပြီး ရေလိုအပ်ချက်နည်းသည့် တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းမည့် သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်သွားရန်နှင့် ရေရှည်အတွက် သီးနှံပုံစံများ ဒေသ ရေမြေနှင့် လျော်ညီစွာ ချမှတ် ဆောင်ရွက်ကြရန် ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုမှ အကျိုး စီးပွား လျော့ကျမသွားစေရန် သက်ဆိုင်ရာဌာနများ၊ တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။

ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆည်ရေလှောင်တမံကြီးများ၏ နှစ်အလိုက် ဝင်ရေ ၊ သိုလှောင် ရေနှင့် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့မှု၊ ရေသောက် စနစ်များ စီမံခန့်ခွဲထားရှိမှု၊ ရေတံခါးနှင့် ရေ တင်လုပ်ငန်းများ၏ အကျိုးပြုစိုက်ပျိုးဧရိယာများ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံအတွက် ဒေသအလိုက် စိုက်ပျိုးရေ ပေးဝေရန် လျာထားချက်များကို လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆည်ရေသောက်ဒေသများတွင် ဆည်ရေလက်ကျန် တည်ရှိ မှု အပေါ်မူတည်၍ ပြောင်းလဲ စိုက်ပျိုးမည့် သီးနှံပုံစံများ ၊ သီးနှံများ၏ လက်ရှိစျေးကွက် အခြေအနေနှင့် နွေရာ သီ၌ ထွက်ရှိလာမည့် သီးနှံများ၏ ပေါက်စျေး အခြေအနေခန့်မှန်းချက်များ၊ သီးနှံစျေးကွက် အခွင့်အလမ်းများ ကိုလည်း ကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး သက်နိုင်ဦး က ရေသောက်စနစ်နှင့် စိုက်ပျိုးသီးနှံပုံစံများအရ စိုက်ပျိုး ထုတ်လုပ်မှု စာရင်းဇ ယားများ မှန်ကန်ရေး စီမံဆောင် ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

ထို့နောက်  ဆည်ရေသောက်ဧရိယာ အများအပြား တည်ရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများ က ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအမံများ၊ သီးနှံ ပုံစံပြောင်းလဲ စိုက်ပျိုးရေး၊ ဘေးအန္တရာယ် ကင်းရှင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ် လုပ်နိုင်ရေးနှင့် တောင်သူ လယ်သမား များ၏ဝင်ငွေနှင့် လူမှုဘဝမြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေမှုများကို ရှင်းလင်း တင်ပြကြ သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးရာ၌ မြို့ရေပေးရေး စနစ်တွင် အသုံးပြုလျက်ရှိသည့် ဆည်ရေလှောင်တမံများ၏ စိုက်ပျိုးရေ အသုံးပြုခြင်း အတွက် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များ၏ သဘောထား မှတ်ချက်ရယူဆောင်ရွက်ရန် ၊ ဆည်ရေသောက် ဧရိယာများအတွင်း ရေအလေ အလွင့် မရှိစေရေး၊ ဖြစ်နိုင်မည့် ရေအရင်း အမြစ်များ ဖော်ထုတ်သုံးစွဲရေး စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသအသီးသီးရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစီအမံများချမှတ်ဆောင်ရွက်ရန်၊ နည်းပညာသစ်များဖြင့် ရာသီဥတု ဒဏ်ခံနိုင် ရည်ရှိသော မျိုးသစ်များ၊ သက်တမ်း တိုမျိုးများ အသုံးပြုနိုင်ရေး အတွက် သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန်၊ စီးပွားရေး တွက်ခြေကိုက်မည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ်သော မျိုးနှင့်သွင်း အားစုများ ရရှိရေးအတွက် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ရန် ၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက် နိုင်ရေး၊ တန်ဘိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး နှင့် ဈေးကွက်ရှာဖွေ ချိတ်ဆက် ပေးရေးတို့အတွက် ဆက်စပ်ပတ်သက်နေသော ဌာနဆိုင် ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များ အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက် ရန် တို့ကို ဆွေးနွေး မှာကြား သည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ရမှုနှင့်အတူ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် ကျရောက်မှုများကြောင့် စီးပွားရေး လူမှုရေး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခံစားနေကြရလျက်ရှိရာ  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့ လယ်ယာ ကုန်ထုတ် လုပ်မှု ကဏ္ဍ တွင် ထိခိုက် ဆုံးရှုံးမှုများ လျော့နည်း သက်သာစေရန် ၊ တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်ယာ ကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုး တက်လာစေရန်တို့အတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံရေးနှင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိ နေသော နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ရာသီဥတုနှင့် လိုက် လျောညီ ထွေမှုရှိသော စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,