၂၀.၅.၂၀၂၂ ရက်နေ့၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု, ငွေတံဆိပ် (၂)ခု, ကြေးတံဆိပ် (၁)ခု၊ ဘိလိယက်အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကနူး/ကယက်အားစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ် (၁)ခုထပ်မံဆွတ်ခူးရရှိ

၂၀.၅.၂၀၂၂ ရက်နေ့၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု, ငွေတံဆိပ် (၂)ခု, ကြေးတံဆိပ် (၁)ခု၊ ဘိလိယက်အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကနူး/ကယက်အားစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ် (၁)ခုထပ်မံဆွတ်ခူးရရှိ


Ministry of Sports and Youth Affairs/ Nay Pyi Taw / May 20, 2022


၂၀.၅.၂၀၂၂ ရက်နေ့၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲတွင် Male Multiple Weapon practice:against 03 others with weapon အပြပွဲစဉ်၌ မြန်မာအားကစားအဖွဲ့မှ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း နှင့် ဇော်ဇော်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊Female Single Weapon practice: Ying Yang sword form တစ်ဦးချင်းအပြပွဲစဉ်၌ မြန်မာအားကစားမယ် မေဟန်နီအောင်လွင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ Female Single Hand practice: Dragon Tiger form အပြပွဲစဉ်၌ မြန်မာအားကစားမယ် ခိုင်ဝါဖူးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ (-65kg) ဆီမီးဖိုင်နယ်အတိုက်ပွဲစဉ်၌ (မြန်မာအားကစားသမား) ဝေသူလွင်မှ ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တတိယ(ကြေးတံဆိပ်)ဆုကိုဆွတ်ခူးရရှိခဲ့ပြီး

ဘိလိယက်ပြိုင်ပွဲတွင် English Billiards နှစ်ယောက်တွဲပွဲစဉ်၌ မြန်မာအားကစားအသင်းမှ ပေါက်စနှင့် မင်းစည်သူတို့မှ စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကို လည်းကောင်း

ကနူး/ကယက်ပြိုင်ပွဲ၏ မီတာ(၅၀၀) ကနူးပွဲစဉ်၌ မြန်မာအားကစားအဖွဲ့မှ ဝင်းထိုက်၊ မျိုးလှိုင်ဝင်း၊ မင်းနိုင်၊ သန့်ဇင်ဦး၊ စိုင်းမင်းဦး(အရံ)တို့မှ (၅)နိုင်ငံ (အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား)အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း

ဂျူဒိုပြိုင်ပွဲတွင် (-52kg) တတိယလုပွဲ ပွဲစဉ်၌ မြန်မာအားကစားသမား အေးမာလာမှ လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အနိုင်ရရှိခဲ့ပြီး တတိယ(ကြေးတံဆိပ်)ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

 

HOT NEWS
January 4,