(၁၇.၅.၂၀၂၂)ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကနူးလှေလှော်အားကစားနည်းမှ ကြေးတံဆိပ် (၁)ခု ဆွတ်ခူးရရှိ

Ministry of Sports and Youth Affairs/ Nay Pyi Taw / May 17, 2022

(၁၇.၅.၂၀၂၂)ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဘိလိယက်ပြိုင်ပွဲတွင် English Billiards ပွဲစဉ်၌ မြန်မာအားကစားသမား ပေါက်စမှ စင်ကာပူအသင်းမှ (၆) ကြိမ် ချန်ပီယံဖြစ်ခဲ့သူ ပီတာ နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၃)ဖြင့် ပထမ (ရွှေတံဆိပ်) ဆု ကို လည်းကောင်း၊ သေနတ်ပစ်အားကစားနည်း မီတာ ၅၀ Free Pistol ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ်အားကစားသမား မောင်ရဲထွန်းနောင်မှ ငွေတံဆိပ်ဆု ကိုလည်းကောင်း၊ ကနူးလှေလှော်ပြိုင်ပွဲတွင် WC-1 (1000m) ပွဲစဉ်၌ (၄)နိုင်ငံ(ဗီယက်နမ်၊ အင်ဒို၊ မြန်မာ၊ ထိုင်း) ယှဉ်ပြိုင်ကြရာ မြန်မာအားကစားသမား သက်ဖြိုးနိုင်မှ တတိယ (ကြေးတံဆိပ်)ဆု ကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,