(၃၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စားအစိုးရအဖွဲ့ဝင်များတက်ရောက်

(၃၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စားအစိုးရအဖွဲ့ဝင်များတက်ရောက်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 12, 2022


ဘားအံ  -   ဩဂုတ်  (၁၁)

        (၃၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ ဝါခေါင်လပြည့် နံနက် ၈ နာရီခန့်က ဘားအံမြို့နယ် တောင်ကလေး(ဖလုံပညာ့တဝေါင့်) နှစ်သစ်ကူးကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကလေးကျေးရွာ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

       ဦးစွာ ကရင်အမျိုးသားအလံတော်အား အလေးပြုကြပြီး သဘာပတိကြီးနှင့်သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြကာ သဘာပတိကြီးက အဖွင့်အမှာစကားပြောကြားသည်။

       ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ချည်ဖြူဖွဲ့မင်္ဂလာ အမှာစကားပြောကြားပြီး ကရင်အမျိုးသားဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအကြောင်းစာတမ်းနှင့် ချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်သော ပစ္စည်း(၇)မျိုးအဓိပ္ပယ်စာတမ်းလွှာကို ကရင်တိုင်းရင်းသားမောင်မယ်များက ကရင်၊ မြန်မာနှစ်ဘာသာဖြင့်ဖတ်ကြားတင်ပြကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။

      ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ပေးမည့် အဖိုးအဖွားများနှင့်မြေးမြစ်များက သတ်မှတ်နေရာများတွင် နေရာယူကြပြီး ကျွဲချိုမှုတ်ချီးကျူးသံပေး၍ အဖိုးအဖွားများက လိပ်ပြာခေါ်ဆုတောင်းမှုမင်္ဂလာပြုကြပြီး အခမ်းအနား သို့ တက်ရောက်လာသူများက ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။

      ချည်ဖြူဖွဲ့မင်္ဂလာဆင်ယင်ကျင်းပနေစဉ်(လက်ချည်စဉ်)ကာလအတွင်း လူငယ်မောင်မယ်များက ကရင်တေး သီချင်းများဖြင့်သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ကရင်မုန့်ဟင်းခါး စတုဒိသာ အကျွေးအမွေးများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ပါသည်။

 

 

 

 

 

HOT NEWS
January 4,