မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၅၉ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့)

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၅၉ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့)

/ နေပြည်တော် / October 12, 2018
မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၅၉ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့)


မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၅၉ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့)
    ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၀၉၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၅၉ ဦး(ကျား ၄၁၉၊မ ၁၄၀)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
    ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူ အတုများ ပါလာခြင်း မရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် တာဝန်ရှိသူ များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

 

အထူးသတင်း
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ
  •           
  • ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း MYPOL မှ Dr. Albrecht Schnabel အား တွေ့ဆုံ
  •           
  • ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးမှု
  •