(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိ

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 09, 2018


ဘားအံ နိုဝင်ဘာ(၉)
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုနှစ် ကရင်ပြည်နယ်နေ့ပွဲတော်တွင် တိုင်းရင်းသား ပြည်သူများ ပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးမှအစ ကရင်ပြည်နယ်နေပွဲ့တော်၏ အဓိကထည့်သွင်းထားသော ဒုံးအကပြိုင်ပွဲ၊ ဒေသဖွံ့ဖြိုးရေးပြခန်းများ၊ အခြားပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်များကို ထည့်သွင်းထားကာ ယခင်နှစ်များထက် ပိုမိုစည်ကားမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်တွင် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့ ၉ဖွဲ့သည် နိုဝင်ဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ (၁၁)ရက်နေ့အထိ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ငြိမ်းချမ်းရေးပြခန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုပြခန်း၊ သစ်သီးဝလံနှင့်ပန်းမန်ပြခန်း၊ မူးယစ်ဆေးဝါး အသိပညာပေးပြခန်းများနှင့်အတူ ဌာနဆိုင်ရာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြသထာသည့် ပြခန်းပေါင်း ၃၃ ခန်းကျော်ကိုဖွင့်လှစ်ပြသထားလျှက်ရှိရာ ကြည့်ရှုသူများ များပြားလျှက်ရှိ သည်။
 အလားတူ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အဝတ်အထည်နှင့်အလှကုန်ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အစရှိသော ကုန်စည်များရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ပါဝင်သည့် ကုန်စည်ပြပွဲကြီးပါဝင်သောကြောင့် စျေးရောင်းစျေးဝယ်များဖြင့် အထူးစည်ကား လျှက်ရှိပြီး နေ့ခင်းပိုင်းထက် ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၊ အနီးပတ်ဝန်းကျင်မြို့နယ်များမှ လာရောက်လည်ပတ်ခြင်းများ ကွင်းလုံးပြည့်စည်ကားလျှက်ရှိသည်။
 ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် နိုင်ဘာလ(၂)ရက်နေ့မှ စတင်ကာ အားကစားပြိုင်ပွဲများကို ထည့်သွင်းပေးထားလျှက်ရှိရာ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးအမှတ်ခတ်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ ရိုးရာလှေလှော်ပြိုင်ပွဲ၊ ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာအထူးစာချုပ် စိန်ခေါ်ပွဲ ၃၈ ပွဲ၊ ၁၀ သိန်းအောင်လံ၊ ၇ သိန်းအောင်လံတို့အပြင် မျိုးဆက်သစ်တို့၏ အထူးကြားပွဲများဖြင့် တင်ဆက်သွားမည်ဖြစ်သည်။ တေးဂီတဖျော်ဖြေပွဲများအဖြစ် နိုင်ငံကျော်တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသား တေးသံရှင်များမှ သီဆိုဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းထားသောကြေင့် ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုစည်ကားမှု ရှိကြောင်း ပွဲတော်ကျင်းပရေးအထောက်အကူပြုလုပ်ငန်းကော်မတီများထံမှ သိရသည်။

 

HOT NEWS
January 4,