ဘူးသီးတောင်၌ ကျဆုံးရဲတပ်ဖွဲ့ဝင်၏ မိသားစုအား ထောက်ပံ့

ဘူးသီးတောင်၌ ကျဆုံးရဲတပ်ဖွဲ့ဝင်၏ မိသားစုအား ထောက်ပံ့


Ministry of Information/ ကျိုင်းတုံ / January 12, 2019
image_latest


ကျိုင်းတုံ ဇန်နဝါရီ ၁၀

ဇန်နဝါရီ ၄ ရက်က ဘူးသီးတောင်မြို့နယ်၊ ကထီးလှ ရဲကင်းစခန်း တိုက်ခိုက်ခံရ၍ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ရဲတပ်သားဖားဖာ့၏ မိဘများထံ ဇန်နဝါရီ ၁၀ ရက်က တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဆွေသည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ နောင်လျန် (၂) ကျေးရွာရှိ ရဲတပ်သားဖားဖာ့၏ ဖခင် ဦးအာချေးနှင့် မိခင် ဒေါ်မီတီးတို့ နေအိမ်သို့ ကျေးရွာ ရပ်မိရပ်ဖ များနှင့်အတူ သွားရောက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ကျပ် ၁၀ သိန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ်သုံးသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ် ငါးသိန်း၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ကျပ် တစ်သိန်း၊ နယ်စပ်ခြံစည်းရိုး အဖွဲ့မှ ထောက်ပံ့ငွေ ကျပ်တစ်သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၂၀ ကို ရဲတပ်သား ဖားဖာ့၏ မိဘများကို ပေးအပ်ပြီး နှစ်သိမ့်စကား ပြောကြားသည်။

ဇန်နဝါရီ ၅ ရက် ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ထောက်ပံ့ငွေကျပ် ကျပ် ၁၀ သိန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ကျပ်ငါးသိန်းနှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့က ကျပ်နှစ်သိန်း ထောက်ပံ့ပေးခဲ့သည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
 

HOT NEWS
January 4,