နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ်များ လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် နေပြည်တော်အတွင်း ဆက်လက်လေ့လာ

နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ်များ လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် နေပြည်တော်အတွင်း ဆက်လက်လေ့လာ


Ministry of Information/ နေပြည်တော် / January 18, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ်များသည် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းသို့ ရောက်ရှိကြပြီး အားကစားနည်းအလိုက် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင် အားကစားနည်းများ ပြခန်း၊ အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းတင် ဓာတ်ပုံများကို ကြည့်ရှုလေ့လာရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တာဝန်ခံက လိုက်လံ ရှင်းလင်းပြသသည်။

ဆက်လက်၍ တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိလေ့လာရာ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အဆိုအကများနှင့် ဖျော်ဖြေသည်။ ထို့နောက် မြဝတီရုပ်မြင်သံကြား၏ နောက်ခံသမိုင်းကို (Video Projector) ဖြင့် ပြသခဲ့ပြီး လေ့လာရေး အဖွဲ့ဝင်များက ရိုးရာယဉ်ကျေးမှုများအား ဖလှယ်ခြင်း အစီအစဉ်အရ ရိုးရာအကများဖြင့် သီးခြားစီကပြ ဖျော်ဖြေခဲ့ပြီး လေ့လာရေး အထိမ်းအမှတ် အလံအား အပြန်အလှန် ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြဝတီစာပေတိုက်ထုတ် စာအုပ်များနှင့် စာစောင်များအား လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံ လက်ဆောင် ပေးအပ်ခဲ့သည်။

ထို့နောက် လေ့လာရေး အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရေး စက်ရုံအတွင်းရှိ သတင်း ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်နေမှုများအား လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် လေ့လာရေး အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,