ဘူးသီးတောင်မြို့နယ်၌ AA အဖွဲ့ဝင်လေးဦးကသေနတ်ဖြင့် ပစ်၊ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံး

ဘူးသီးတောင်မြို့နယ်၌ AA အဖွဲ့ဝင်လေးဦးကသေနတ်ဖြင့် ပစ်၊ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံး


Ministry of Information/ ဘူးသီးတောင် / May 22, 2019
image_latest


နေပြည်တော် မေ ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာ၌ AA အဖွဲ့ ဝင်များက သေနတ်ဖြင့်ပစ်၊ ဓားဖြင့် ထိုးသောကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနေ စိုးဝင်းနိုင် (၃၈နှစ်)သည် မေ ၂၀ ရက် ည ၇ နာရီခန့်တွင် နေအိမ်၌ရှိနေစဉ် AAအဖွဲ့ဝင်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့ အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးရန် ပြောကြား ကြောင်း၊ စိုးဝင်းနိုင်က မိုးချုပ်နေသော ကြောင့် ပို့ဆောင်မပေးနိုင် ကြောင်း ပြန်လည်ပြောဆိုခဲ့ရာမှ စကားများပြီး AA အဖွဲ့ဝင်များက သေနတ် ဖြင့် တစ်ချက်ပစ်ခတ်၍ ဓားဖြင့် ဝိုင်းဝန်းထိုးသောကြောင့် စိုးဝင်းနိုင် တွင် ဝဲ/ယာ ရင်ဘတ် ထိုးသွင်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ AA အဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းအတိုင်း ဖုံညိုလိပ်ကျေးရွာ ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ကြာညိုပြင်ကျေးရွာ အား ရှင်းလင်း နယ်မြေစိုးမိုးခဲ့ပြီး ဝန်းကျင်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် စိုးဝင်းနိုင် သေဆုံးမှုအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိ သည်။

သတင်းစဉ်

HOT NEWS
January 4,