တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / March 26, 2019
image_latest


နေပြည်တော် မတ် ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက် နေမှု၊ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုနှင့် နိုင်ငံတကာမှ အခြေအနေမှန်များအား သိရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ကချင် ပြည်နယ်အတွင်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီ ပေးရေး၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် နိုင်ငံတ ကာ၏ ဝေဖန်စွပ်စွဲချက်များအပေါ် စစ်ဘက်ဥပဒေနည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ် ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး  သက်သေအထောက်အထား ခိုင်မာ မှန်ကန်စွာဖြင့် ဖြစ်စဉ်အမှန်အတိုင်း ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တပ်မတော်မှ ဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား လျက်ရှိသည့်အခြေအနေများအား ပြည်သူများ သိရှိစေရန်အတွက် တပ်မတော် သတင်း စာရှင်းလင်းပွဲများ လစဉ်ပြုလုပ်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

HOT NEWS
January 4,