မြို့သာစက်မှုဥယျာဉ်အတွင်းရှိ ကုမ္ပဏီစိုက်ခင်းမှ ဆေးခြောက်ပင် များနှင့် ဆက်စပ်ပစ္စည်းများ ကိစ္စ ဖမ်းဆီးအရေးယူ

မြို့သာစက်မှုဥယျာဉ်အတွင်းရှိ ကုမ္ပဏီစိုက်ခင်းမှ ဆေးခြောက်ပင် များနှင့် ဆက်စပ်ပစ္စည်းများ ကိစ္စ ဖမ်းဆီးအရေးယူ


Ministry of Information/ ​နေပြည်တော် / April 25, 2019


နေပြည်တော် ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဓာတုဗေဒ စစ်ဆေးရေးဌာနခွဲ (မန္တလေး)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့ခွဲ (၁) မန္တလေးမှ တပ်ဖွဲ့ဝင်များ၊ မူးယစ် တပ်ဖွဲ့စု(၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ ဧပြီ ၂၂ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မန္တလေး မြို့သာ စက်မှုဥယျာဉ် မြို့တော်ဝင်း၊ အမှတ်(၂) လုပ်ကွက်အတွင်းရှိ III M Global Nutracetical Company စိုက်ခင်းသို့ သွားရောက်စစ်ဆေး ခဲ့သည်။

သိမ်းဆည်းရမိ

အဆိုပါ စိုက်ခင်းဧက ၂၀ တွင် ဆေးခြောက်အပင်ပေါင်း ၃၅၀၀၀၀ ခန့်၊ ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့(မျိုးစေ့) (၃၈၀)ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက် အဆီ ၁၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနောအရည် ၄၅ ဒသမ ၆ လီတာ၊ အယ်ကိုဟောအရည် ၂၂ ဒသမ ၈ လီတာ၊ Bio Maxs အစိမ်းရောင် အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည် ၁၂ ဒသမ ၅ လီတာ၊ အမိုနီ ယမ်ဖော့စဖိတ် ၅၀၀ ဂရမ်ပါ၊ မော်တော်ယာဉ် နှစ်စီး၊ ဆေးခြောက် ၂၇၀ ဒသမ ၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ဥပဒေအရ အရေးယူ

အဆိုပါ လုပ်ကွက်အတွင်းမှ ဦးရှိန်းလတ် (၃၇ နှစ်)၊ မရွှန်းလဲ့မြတ်နိုး (၂၃ နှစ်)၊ အမေရိကန် နိုင်ငံသားများ ဖြစ်ကြသော Mr. John Fredric Todoroki (၆၃ နှစ်) နှင့် Mr. Alexander Skemp Todoroki (၄၉ နှစ်) (ဖမ်းမမိသေး) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား

HOT NEWS
January 4,