ပြည်သူများ၏ လူမှုစီးပွားဘ၀နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့

ပြည်သူများ၏ လူမှုစီးပွားဘ၀နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့


Ministry of Information/ ​နေပြည်တော် / April 25, 2019
image_latest


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တတိယ (၁)နှစ်တာကာလအတွင်း စိုက်ပျိုးရေး နည်းစနစ် တိုးတက်မြင့်မားရေး၊ စက်မှုဇုန်များပေါ်ထွန်းလာရေး၊ လျှပ်စစ်မီးရရှိရေး၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ စက်မှုဇုန်များထူထောင်ခြင်း၊ ဒေသခံတို့၏ တစ်ဦးချင်းဝင်ငွေ တိုးတက် ရရှိရေး စသည်တို့ကို ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် အောင်မြင်မှုများရှိ သကဲ့သို့ စိန်ခေါ်မှု အခက်အခဲများလည်းရှိသည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ (၁)နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ် ငန်းစဉ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြ လိုက်ရပါသည် -

မေး။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပြောပြပေးပါဦးရှင်။

ဖြေ။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ၁၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၆ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၃၈၇ သန်းနဲ့ မြန်မာ ငွေကျပ်သန်းပေါင်း ၄၉၈၉၃၅ ဒသမ ၇၆ သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၀၇၈၈ နေရာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

လက်ရှိ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အနောက်ဖက် ကမ်းရိုးတန်းဒေသ နိုင်ငံတကာနဲ့ တိုက်ရိုက်ဆက်သွယ် နေတဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးဆိမ်ကမ်း မြို့ကြီးအဖြစ် ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ငရုပ်ကောင်းဒေသမှာ ရေစူးမီတာ ၂၀ ထိနက်တဲ့အတွက် ပင်လယ်ဆိပ်ကမ်း တည် ဆောက်နိုင် တဲ့အတွက် ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပေါ်နိုင်ရေးအတွက် နောက်တစ်ခါ ရွှေသောင်ယံ မြို့ မတ္တာဒေသမှာ ရေနက်ဆိပ်ကမ်း တစ်ခုတည်ဆောက်ကာ ကမ်းခြေမြို့ တော်တစ်ခု ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ကမ်းခြေပတ်လမ်းတစ်လျှောက် ဆက်သွယ်နိုင်မယ့် ငပုတောမြို့နယ် ငရုပ် ကောင်းမြို့ ဂေါ်ရင်ဂျီကျွန်း ဒေသကနေပြီး ရခိုင်ပြည်နယ် ဂွမြို့အထိ ကမ်းခြေပတ်လမ်း ဖြစ်ပေါ်လာရေးကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဖြစ်ဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်ဒေသကြီးအစိုးရအနေနဲ့ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုဇုန်တွေ ဖော်ထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ရှင်းပြပေးပါဦးရှင်။

ဖြေ။ ပုသိမ်မြို့ပေါ်မှာရှိတဲ့ စက်မှုဇုန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဝင်ရောက်လျက်ရှိ ပြီး စက်ရုံပေါင်း ၅၀ ကို ၂ နှစ်အတွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ကာလမှာ စီမံကိန်းပြီးပါက အလုပ်အကိုင် အခွင့်လမ်းပေါင်း ၁ သိန်းခန့်အထိ ဖန်တီးပေး နိုင်မယ့် စီမံကိန်းကြီး ဖြစ်လာမှာပါ။

ဒါ့အပြင် မအူပင်စက်မှုဇုန်အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် မြေ အသုံးချမှု အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုမိန့်များရရှိခဲ့ပြီး ဒီစီမံကိန်းကြီးကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ညောင်တုန်းစက်မှုဇုန်ကို လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ခွင့်ပြုမိန့်များ ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်ဖိ်တ်ခေါ်ပြီး စီမံကိ်န်းကို အကောင်အထည်ဖော် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

လူတစ်ဦးရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ အလုပ်အကိုင် ၁၄ သိန်းကျော် ဖန်တီးနိုင်ခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အလုပ်အကိုင် ၁၆ သိန်းကျော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်မှာ အလုပ်အကိုင် ၁၈ သိန်းကျော် ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းချက်ရှိပြီး ပထမ ၃ လပတ် အထိ ၃ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်။

မေး။ တိုင်းဒေသကြီးရဲ့ အဓိက စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ပေးနေတဲ့ အပိုင်းကို သိပါရစေ။

ဖြေ။ ဧရာဝတီတိုင်းက စပါးသီးနှံကို အဓိကထား စိုက်ပျိုးနိုင်တဲ့ နိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ အတွက် မိုးစိုက်ဧက ၃ ဒသမ ၇ သန်းကျော်၊ နွေစပါးစိုက်ဧက ၁ ဒသမ ၄ သန်း စိုက်ပျိုး လျက်ရှိပါတယ်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ မိုးစပါးတင်းသိန်းပေါင်း ၁၃၀ ဒသမ ၆၀ နှင့် နွေ စပါးတင်းသိန်းပေါင်း ၉၆ ဒသမ ၆၈ စုစုပေါင်းစပါးတင်းပေါင်း ၂၂၆ ဒသမ ၇၈ တိုးတက်ပြီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အထွက်နှုန်းတိုးတက်ဖို့အတွက် မြေဆီလွှာ ချဉ်ငံရေးနဲ့ အာဟာရ ဓာတ်တွေကို တိုင်းတာဖို့ လိုအပ်တဲ့အတွက် ကိရိယာတွေကို တိုင်းဒေသကြီး အစိုးရအနေနဲ့ ဝယ်ယူပြီး ဖြည့်တင်းပေး လျက်ရှိပါတယ်။

ထူးခြားမှုအနေနဲ့ ငမြှောင်တောင်ဖျက်ပိုးအသစ် Fall Army Worm ကျရောက်တဲ့ ပြောင်းသီးနှံ မှာ ဧကပေါင်း ၄၅၉၆၇ ကို ပြည်ထောင်စုအစိုးရထောက်ပံ့မှု၊ တိုင်းဒေသကြီး အစိုးရရဲ့ ထောက်ပံ့မှုတွေနဲ့ ဆေးဖျန်းနိုင်ခဲ့ပါတယ်။ မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးခြင်း၊ မြေချဉ်ငံဓာတ်နဲ့ အာဟာရဓာတ် ပါဝင်မှုပေါ်မှာမူတည်ပြီး ထည့်သွင်းသင့်တဲ့ ထုံးပမာဏနဲ့ ဓာတ်မြေဩဇာ ထောက်ခံချက်ပေးခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၃ နှစ်တာကာလအတွင်း အဆင့်မြင့် စံပြစက်မှုလယ်ယာ အဖြစ် ၃၅၂ ဧကကို ဖော်ထုတ်ပေး နိုင်ခဲ့ပါတယ်။ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများအနေ နဲ့ ထွန်ယက်စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ၆၁၇၇၄၆ ဧက၊ စပါးရိတ်သိမ်းခြွေလှည့်ခြင်း လုပ်ငန်းမှာ ၃၈၅၉၈ ဧကနှင့် စက်ဖြင့် စပါးစိုက်ပျိုးခြင်းလုပ်ငန်းမှာဧက ၉၁၀ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။

မေး။ သိမ်းဆည်းလယ်ယာမြေတွေကို တောင်သူလက်ဝယ် ပြန်လည်ပေးအပ်ဖို့အတွက် ဆောင်ရွက်ထားရှိမှုကို သိချင်ပါတယ်ရှင်။

ဖြေ။ သိမ်းဆည်းမြေများပေါ်မှာ တောင်သူတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဧက သိန်းပေါင်း ၁၀၀၄၆၂ ဧကရှိခဲ့ရာမှာ တောင်သူတွေလက်ဝယ်ကို ၁၀၀၃၃၄ ဧက ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ကျန် ၁၂၈ ဧကကို တောင်သူတွေလက်ဝယ်သို့ ပြန်လည် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခမ်းအနားကို အိမ်မဲ မြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်သူကျေးရွာမှာ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်တက်ရောက်ပြီး မြို့နယ် ၄ ခုမှ ပြန်လည်စွန့်လွှတ်တဲ့ သိမ်းဆည်းမြေများကို တောင်သူ ၁၁၀၂ ဦးထံ လုပ်ကိုင်ခွင့်ပြုလက်မှတ် ၆၆၀၄ ဧက ပေးတဲ့ အစီအစဉ်အပြင် တောင်သူတွေ နည်းပညာတိုးတက်မြင့်မားရေးအတွက် လယ်ယာ ကဏ္ဍနဲ့ သက်ဆိုင်တဲ့ ပြခန်းပေါင်း ၅၅ ခန်းပြသပြီး တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ တောင်သူလယ်သမားကိုယ်စားလှယ် ၃၀၀၀ ကျော်နဲ့ ဖိတ်ခေါ်ပြီး ကျင်းပနိုင်ခဲ့ပါတယ်။

မေး။ ဆည်မြောင်းကဏ္ဍ နဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို ပြောပြပေးပါရှင်။

ဖြေ။ တိုင်းဒေသကြီးအတွင်း ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေနဲ့ တာတမံ ၁၄၇ နေရာကို ပြုပြင်နိုင်ခဲ့ပြီး မိုးစပါးစိုက်ဧက ၁ ဒသမ ၂ သန်းဧက၊ ရေနုတ် မြောင်း ၇၄၅ မြောင်း တူးဖော်ပေးနိုင်ခဲ့တဲ့အတွက် ဧက ၈ ဒသမ ၉၃ သိန်းကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ရေနုတ်မြောင်းအနေနဲ့ ၇၄၅ မြောင်း၊ ရေ တံခါး ၉၁ လုံးနဲ့ သောက်သုံးရေအတွက် စက်ရေတွင်း ၁၀၁ တွင်းကို တူးဖော်ပေးနိုင်ခဲ့ပါတယ်။ ဇလွန်မြို့နယ်မှာ ရှိတဲ့ ဧရာဝတီ - ဟင်္သာတ တာမိုင် ၂၂/၄ နဲ့ ၂၄/၀ မိုင်မှာရှိတဲ့ သဲကုန်းညောင်အိုင်ကျေးရွာမှာရှိတဲ့ ရေဘေးကာကွယ်ရေး တာကျိုးပေါက် ပျက်စီးသွားပါက မြို့နယ်နဲ့ ကျေးရွာအများစုဟာ ထိခိုက်ပျက်စီးမှုတွေ များနိုင်တဲ့အတွက် ပန်းတာသစ် တည်ဆောက်ခြင်း လုပ်ငန်းတွေကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၉၉၀ ကျော်နဲ့ လုပ်ငန်းတွေ အချိန်မီပြီးစီး နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ငါးပုစွန်မွေးမြူရေးလုပ်ငန်းတွေ၊ မွေးမြူရေးနဲ့ ကုသရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေရှင်။

ဖြေ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသခံရေလုပ်သားတွေရဲ့ စားဝတ်နေရေးကို အထောက်အကူပြုနိုင်ဖို့ အင်းပေါင်း ၁၇၇၇ အင်း၊ တင်ဒါချက်ပေါင်း ၂၀၆၅ ချက်ရှိပြီး ရေ လုပ်သားအစုအဖွဲ့တွေက လျှောက်ထားလာတဲ့ အင်း/တင်ဒါချက် တွေကို စည်းကမ်းနဲ့အညီ ဒေသခံရေလုပ်သားအစုအဖွဲ့တွေကို လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ ငါးပုစွန်မွေးမြူရေးနဲ့ ပတ်သက်ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ငါးမွေးကန်နဲ့ ပုစွန်ကန်ပေါင်း ၁၈၇၂၈၆ ဧကကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။

မွေးမြူရေးနဲ့ ကုသရေးကဏ္ဍအနေနဲ့ လေးမျက်နှာနဲ့ ကြံခင်း မြို့နယ်တို့မှာရှိတဲ့ မြေလွတ်၊ မြေရိုင်းတွေမှာ တိရစ္ဆာန် အမျိုးအစားအလိုက် မွေးမြူရေးဇုန်နဲ့ မွေးမြူရေးကျေးရွာတွေ ထူထောင်ခြင်းကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကူအညီနဲ့ မြေနေရာတွေကို ရှာဖွေဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသမှာ ရှိတဲ့ တောင်သူတွေမှာ မွေးမြူထားတဲ့ ကျွဲနွားတွေကို ရေလွတ်ရွာ ပြောင်းရွှေ့နိုင်ရေး၊ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ အစာပြတ်လပ်မှု မရှိရေးနဲ့ တိရစ္ဆာန် တွေဘေးကင်းလုံခြုံဖို့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တို့မှာ Animal Safe Land & Shelter တွေ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် Animal Safe Land & Shelter တွေကို တည်ဆောက်နိုင်ရေးအတွက် လျာထားပြီး ဆောင်ရွက် လျက်ရှိပါတယ်။

နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေနဲ့ မြစိမ်းရောင်(အသားကဏ္ဍ) အကောင်အထည်ဖော်နိုင်ရန် တောင်သူလယ်သမားတွေကို မျိုးကောင်းမျိုးသန့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ စနစ်တကျ စိစစ်ရွေးချယ်ပြီး မွေးမြူရေးလုပ်ငန်းတွေကို တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

မေး။ ဒေသဖွံ့ဖြိုးဖို့အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ဆောင်ရွက်ထားရှိမှု အခြေအနေ ကို သိပါရစေရှင်။

ဖြေ။ (၃)နှစ်တာကာလအတွင်း စုစုပေါင်း လမ်းမိုင် ၂၉၈ မိုင်၊ သိသာထင်ရှားတဲ့ ပြောင်းလဲမှု အနေနဲ့ အရှည် ၈၂၆ ဒသမ ၉ ပေရှိတဲ့ နှစ်လမ်းသွား သံကူကွန်ကရစ် ရွှေသောင်ယံတံတား၊ အရှည် ၁၉၈၆ ဒသမ ၆ ပေရှိတဲ့ နှစ်လမ်းသွား သံကူကွန်ကရစ် ငဝန်တံတားလေးမျက်နှာ၊ အရှည် ၁၇၁၈ ဒသမ ၅ ပေရှိတဲ့ သံမဏိသံဘောင် သံကူ ကွန်ကရစ် စက်ဆန်းတံတားနဲ့ ပေ ၂၃၁၀ ရှိတဲ့ နှစ်လမ်းသွား သံကူကွန်ကရစ် မြစ်ကူး တံတားကြီး အပါအဝင် တံတားနဲ့ ရေပြွန် ၂၄၀ ကို တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်း အရှည် ၂၇၂၃ ဒသမ ၂၃ ပေရှိတဲ့ Steel Truss Deck Type မြောင်းမြတံတားအသစ်ကြီးကို တည်ဆောက်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ပုသိမ် တံတား အရှည်ပေ ၂၃၈၀ တံတားကို ပြည်သူတွေအတွက် တည်ဆောက်ပေး လျက်ရှိပါတယ်။ စီမံကိန်းကာလမှာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ဆောက်လုပ် လျက်ရှိပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှာ ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေနဲ့ (၃)နှစ်တာ ကာလအတွင်း တံတားနဲ့ ရေပြွန် ၁၇၆ စင်းကို တိုးတက်တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။

မေး။ တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုကို သိပါရစေရှင်။

ဖြေ။ လျှပ်စစ်ကဏ္ဍအနေနဲ့ (၃)နှစ်တာကာလအတွင်း မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၃ မြို့ ကျေးရွာပေါင်း ၇၆၈ ရွာကို ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ တစ်အိမ်သုံး ဆိုလာစနစ်နဲ့ အများသုံး ဆိုလာစနစ်နဲ့ ကျေးရွာပေါင်း ၁၄၉၁ ရွာ မီးလင်းခဲ့ပါတယ်။ ကျိုက်လက် ပင်မ ဓာတ်အားခွဲပေးရုံ၊ ငရုတ်ကောင်းဓာတ်အားခွဲပေးရုံနဲ့ ငွေဆောင်ဓာတ်အားခွဲရုံတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေသောင်ယံမြို့မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဓာတ်အားပေး စက်ရုံ ဖြစ်လာမယ့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၉၀ ထွက်ရှိမယ့် LNG to Power Plant စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ စီမံကိန်းပြီးစီး ပါက တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်နဲ့ ကျေးရွာတွေကို လျှပ်စစ်မီးပေး နိုင်မှာဖြစ်ပြီး ပိုလျှံတဲ့ယူနစ်တွေကို National Grid သို့ ချိတ်ဆက်ရောင်းချသွားနိုင်မှာ ဖြစ်ပါတယ်။

မေး။ ပြည်သူ့ဆက်ဆံရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်နေ တဲ့အပိုင်းကို ရှင်းပြပေး ပါဦးရှင်။

ဖြေ- ၃ နှစ်တာကာလအတွင်း ခရိုင် (၆)ခရိုင်မှာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ်အထိ ပုသိမ်ခရိုင်အတွင်း မိုဘိုင်းစခန်း ၁၇၁ ခု၊ မြောင်းမြခရိုင်မှာ မိုဘိုင်းစခန်း ၅၄ ခု၊ ဖျာပုံခရိုင်မှာ မိုဘိုင်းစခန်း ၉၈ ခု၊ လပွတ္တာခရိုင်မှာ မိုဘိုင်းစခန်း ၉၃ ခု၊ ဟင်္သာတခရိုင်မှာ မိုဘိုင်းစခန်း ၈၈ ခု၊ မအူပင်ခရိုင်မှာ မိုဘိုင်းစခန်း ၇၆ ခု တည်ဆောက်ပေးနိုင်ခဲ့လို့ ယခင်က ၁၈၃ စခန်း အပါအဝင် မိုဘိုင်းစခန်း ၇၆၃ စခန်းရှိလာပြီဖြစ်ပါတယ်။

စည်ပင်သာယာရေးကဏ္ဍအနေနဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပုသိမ်မြို့၊ ဈေးချောင်းလမ်း၊ ချောင်းမြေထိန်း နံရံပြုလုပ်ခြင်းအတွက် ငွေကျပ်သန်း ၁၂၅ ဒသမ ၃၃၀ ၊ ကန်ပတ်လမ်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်း ၃၆၇၀၀ ၊ ညောင်တုန်းမြို့ စည်ပင်တာ (မြို့ပတ်တာ) စောင်းလျှောကျမှု ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၄ ဒသမ ၅၅၁ သန်း စုစုပေါင်းငွေကျပ် ၁၆၆ ဒသမ ၅၈၁ သန်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၃၃)ဖွဲ့ အတွက် ယာဉ်၊ စက်ယန္တရား ၅၇ စီးကို ငွေကျပ်သန်းပေါင်း ၂၃၇၈ ဒသမ ၄၂၂ သန်း ဝယ်ယူပြီး မြို့နယ်တွေကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီး စည်ပင်ဥပဒေကို ပြင်ဆင်ရေးဆွဲပြီး မြို့ပြတွေ အမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးကဏ္ဍအနေနဲ့ ခရိုင်အဆင့် ကလေးစာပေပွဲတော် ကို ၂၀၁၇ ခုနှစ် မတ်လမှာ ဖျာပုံခရိုင် ဖျာပုံမြို့၊ ၂၀၁၈ ခုနှစ် မတ်လမှာ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မအူပင်ခရိုင် မအူပင်မြို့ တို့မှာ ကျင်းပနိုင်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ထူးထူးခြားခြားအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ်တိုင်းမှာ ကလေးများ ရေရှည် စာပေကို ဝါသနာပါနိုင်ဖို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးနိုင်ဖို့ ဆက်လက် စီစဉ် ဆောင်ရွက်နေပါတယ်။

မေး။ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင်။

ဖြေ။ ဟိုတယ်နဲ့ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်တွေကို ချထားပေးနိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး (၃)နှစ်တာ ကာလအတွင်းမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာပေါင်း ၈၆ လုံးနဲ့ အခန်းပေါင်း ၃၄၆၁ ခန်းကို လုပ်ငန်းလိုင်စင်တွေ ချပေး နိုင်ခဲ့ပါတယ်။ ကမ်းခြေဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်းပြည်ပ ဧည့်သည်တွေအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ တိုးတက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၄၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ငွေဆောင်၊ ချောင်းသာ ကမ်းခြေ ဒေသတွေကို အချိန်တိုအတွင်း နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံမှု ပိုမိုလွယ်ကူဖို့အတွက် ပုသိမ် - ရန်ကုန်၊ ရန်ကုန် - ပုသိမ် ခရီးစဉ် တွေကို တစ်ပတ်မှာ လေးရက် ပြေးဆွဲလျက်ရှိပါတယ်။

ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ များစွာအထောက်အကူပြုမှာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားတွေ စိတ်ကျေနပ်မှုရရှိလာတာ တွေ့ရပါတယ်။ ဒါဟာဆိုရင် ခရီးသွား လုပ်ငန်းအတွက် ပုသိမ် - ရန်ကုန်၊ ရန်ကုန် - ပုသိမ် ပြေးဆွဲတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ စတင်ခဲ့တာက တိုင်းဒေသကြီးအတွက် ပိုမိုထူးခြားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။

မေး။ သဘာ၀ဘေးအန္တရာယ် နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုတွေရှိရင် ပြောပြပေးပါရှင်။

ဖြေ။ (၃)နှစ်တာကာလအတွင်းမှာ သဘာ၀ဘေးသင့် အိမ်ခြေ ၇၀၀၀၀ ကျော်၊ အိမ်ထောင်စု ၈၀၀၀၀ ကျော်၊ လူဦးရေ ၃ သိန်းခန့်၊ သေဆုံးသူ ၁၄၇ ဦး၊ ဒဏ်ရာရ ၇၆ ဦး တို့ကို ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ငွေ သိန်းပေါင်း ၂၄၀၀၀ ကျော်ကို ဘေးသင့်တဲ့ ပြည်သူများရဲ့ လက်ဝယ်ကို ရောက်အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါ တယ်။

ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို အိမ်ထောင်စု ၂၇၀၀ အတွက် သိုလှောင် ထိန်းသိမ်းထားရှိပြီး မိုးဦးကာလ လေပြင်းဒဏ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအနေနဲ့ မြို့နယ် ၃ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာ ၂၁ ရွာတို့မှာ ကြံ့ခိုင်မှုအားနည်းတဲ့ နေအိမ် ၈ဝဝ ကို ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။

သောက်သုံးရေရှားပါးမှု ကြုံတွေ့နိုင်တဲ့ကျေးရွာတွေက ပြည်သူတွေအတွက် သောက်သုံးရေဂါလံ ၄၀၀၀၀ ကျော်နဲ့ ကျေးရွာ ၁၃ ရွာမှ တောင်းခံလာတဲ့ အဝီစိတွင်း ၅ တွင်း၊ တွင်းနက် ၅ တွင်း ၊ အုတ်ရေတွင်း ၁ တွင်း၊ ဖိုက်ဘာ ရေလှောင်ကန် ၁ ကန်နဲ့ ရေလှောင်ကန် ၂ ကန် တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အမျိုးသားသဘာ၀ဘေအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ Cyclone Shelter, Multi purpose Shelter နဲ့ School Cum Shelter ၆၂ လုံးကို အသစ် တည်ဆောက်ပေးနိုင်ခဲ့ ပါတယ်။ တည်ဆောက်ပြီး Shelter ၄၈ လုံးကို ပြုပြင်ပေးခဲ့ပါတယ်။ ဒါ့အပြင် စက်လှေ ၂၆ စီး၊ ဖိုင်ဘာဘုတ် ၂၁ စီး၊ Speed Boat ၁ စီးနဲ့ အသက်ကယ်အင်္ကျီ ၂၀၀၀ ကျော်တို့ကို တိုင်းဒေသကြီးအတွင်းရှိ ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ မြို့နယ်တွေကို ခွဲဝေချပေးထားပြီး ဖြစ်ပါတယ်။

မေး။ ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုကို သိပါရစေရှင့်။

ဖြေ။ ပညာရေးကဏ္ဍအနေနဲ့ တင်ပြရမယ်ဆိုရင် (၃)နှစ်တာကာလအတွင်းမှာ အခြေခံ ပညာကျောင်း ၁၄၇၈ ကျောင်းကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး ကျောင်းဆောင်သစ် ၁၃၃၅ ကျောင်း ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဆရာ/ဆရာမ အင်အား လုံလောက်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ ၂၀၁၄ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၁၄၅၃ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၁၅၉၄ ဦးနဲ့ နေ့စား လပေး မူလတန်းပြ ဆရာ/ဆရာမ ၃၂၇၉ ဦးတို့ကို ခန့်ထားနိုင်ခဲ့ပါတယ်၊ တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာနများအနေနဲ့ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အထိ စာစစ်ဌာန ၇၆ ခု တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါတယ်။

မေး။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုတွေကို ပြောပြ ပေးပါဦးရှင်။

ဖြေ။ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ကင်ဆာဌာန၊ အရေပြားဌာန၊ နှလုံးကြပ်မတ်ကုသ ဆောင်နဲ့ ကျောက်ကပ်သန့်စင်စက်၊ ဟင်္သာတနဲ့ မအူပင် ပြည်သူ့ဆေးရုံတို့မှာ အရေပြား ဌာနနဲ့ CT Screen ၊ ဖျာပုံပြည်သူ့ဆေးရုံမှာ ကင်ဆာဆေးကုဌာန၊ မြောင်းမြပြည်သူ့ဆေးရုံမှာ အရေးပေါ်ဌာနနဲ့ နှစ်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

တိုင်းခရိုင်မြို့နယ်အဆင့် ကျန်းမာရေး အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းပြီး မြို့နယ်အခြေပြု ကျန်းမာရေး အထောက်အကူပြုအဖွဲ့တွေကို ဖွဲ့စည်းနိုင်ရန် ယခုနှစ် အတွင်း စီမံ ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေး အထောက်အကူပြု အဖွဲ့အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ဆေးရုံနဲ့ ပတ်သက်တဲ့ လိုအပ်ချက်ကို စီမံခန့်ခွဲပေး ခြင်း၊ ခရီးစရိတ်နဲ့ စားစရိတ်များ စီမံဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးပြီး မွေးကင်းစ ကလေးသူငယ်တွေနဲ့ သားသည်မိခင်တွေအတွက် ရန်ပုံငွေပေါ်မှာမူတည်ပြီး စီမံခန့်ခွဲခြင်း၊ ရရှိထားတဲ့ အလှူငွေတွေ ကို ပွင့်လင်းမြင်သာမှုရှိဖို့ စနစ်တကျ ထိန်းသိမ်းခြင်းတို့ကို ဆောင် ရွက်ထားပါတယ်။

ဒါကလည်း ဧရာဝတီတိုင်းဒေသကြီး (၃)နှစ်တာ ကာလအတွင်းရဲ့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးဂရုထားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ မြို့နယ်အဆင့် ဆေးရုံအထောက် အကူပြုအဖွဲ့တွေ ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့ကနေ သတ်မှတ်ခွင့်ပြုတဲ့ ဘဏ္ဍာငွေကို စနစ်တကျ စစ်ဆေးဖို့၊ ဆေးရုံမှာ ထောက်ပံ့နိုင်တဲ့ ဆေးဝါးတွေနဲ့ ထောက်ပံ့ခြင်းမပြုနိုင်တဲ့ ဆေးတွေကို အများပြည်သူ သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ချပြသွားပါမယ်။ အခမဲ့ ထောက်ပံ့ပေးနိုင်တဲ့ ဆေးဝါးတွေကို မီးယပ်သားဖွားလူနာတွေ၊ မြွေကိုက်ပိုးထိလူနာတွေ၊ မူးယစ်ဆေးဝါစွဲသူ လူနာတွေ၊ ငါးနှစ်အောက် ကလေးကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဝက်ရူးပြန်ရောဂါသည်တွေ၊ တီဘီရောဂါသည်တွေစတဲ့ အဆင့်တွေခွဲခြား၍ စရိတ်ငြိမ်း အခမဲ့ ကုသမှုရရှိနိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဒါတွေက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် (၃)နှစ်တာ ကာလအတွင်း ကြိုးပမ်း ဆောင်ရွက်မှုများထဲက သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ၊ စိ်န်ခေါ်မှုတွေနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း - သီသီမင်း

ဓာတ်ပုံစုစည်း - အေးသန်း

HOT NEWS
January 4,