(၇၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ

(၇၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ / May 19, 2019


ယနေ့ ညနေ(၄:၀၀)နာရီအချိန်တွင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို မဟာဗောဓိ ညောင်ပင်၌ ကျင်းပရာ ရှေးဦးစွာတက်ရောက်လာသူများက မဟာဗောဓိဒုမေနထောဂါထာရွတ်ဆို၍ အခမ်း အနားအား ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ထားဝယ်မြို့နယ် စာရေးဆရာများအသင်းဥက္ကဌ ကမ္ဗီရမင်းမောင် က ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့ အကြောင်းစာတမ်းအား ဖတ်ကြားပြီး ဘုရားကြီးဂေါပကအဖွဲ့ဝင် ဦးအောင်မိုးသူ က မဟာဗောဓိပရိဘောဂစေတီတော်မြတ်အား ညောင်ရေသွန်းလောင်းပူဇော် ဆပ်ကပ်သည့် ဂါထာအားဖတ်ကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမျိုးသမီးဝတ်ရွတ်အဖွဲ့များက “သွန်းကြသွန်းကြရွှန်းပညောင်ရေ” ကဗျာများ ရွတ်ဆို၍ ဆုတောင်း ပတ္တနာပြုပူဇော်ကြကာ တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

ထို့နောက် ဒေသခံပြည်သူများက စည်းကားသိုက်မြိုက်စွာဖြင့် မဟာဗောဓိညောင်ပင်အား ပျော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး ကြွရောက်လာကြသည့် ဧည့်ပရိ သတ်များအား ထားဝယ်မုန့်လက်သုပ်နှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိ ခဲ့ပါသည်။

 

 

 

 

 

HOT NEWS
January 4,