ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း


Ministry of Information/ ​နေပြည်တော် / May 22, 2019
image_latest


နေပြည်တော် မေ ၂၁

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများပြန်လည်နေရာ ချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် လုပ်ငန်းအဖွဲ့၏ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံပြီး မှီခိုကင်းစွာ ဂုဏ်သိက္ခာရှိရှိ ဘ၀ ရပ်တည်နေနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို လုပ်ငန်း အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေး တင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

HOT NEWS
January 4,