(၁၁)ခုမြောက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်းတစ်ခုအား အတည်ပြုမိန့် ထုတ်ပေး

(၁၁)ခုမြောက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်းတစ်ခုအား အတည်ပြုမိန့် ထုတ်ပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 13, 2019


ဘားအံ ဇွန် ၁၃
 ယခုအစိုးရလက်ထက် ကရင်ပြည်နယ်၏ စီးပွားရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၄ ဆခန့် တိုးတက်လာရာ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်တည်ဆောက် လုပ်ကိုင်ခြင်း လုပ်ငန်းတစ်ခုအား ထပ်မံ၍ အတည်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း သိရသည်။
 အဆိုပါအစည်းအဝေးကို ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အောင်ပိုင်မိုးမြေကုမ္ပဏီ လီမိတက်( Aung Paing Moe Myae Co.,Ltd) ၏ ဟိုတယ်တည်ဆောက် လုပ်ကိုင်ခြင်းလုပ်ငန်းတစ်ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုပေးခဲ့သည်။
 အောင်ပိုင်မိုးမြေကုမ္ပဏီလီမိတက်၏ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်းသည် အမှတ်(၄၆၈/၄၆၉)၊ မြို့မတောကွင်း၊ ဦးပိုင်အမှတ် (၃၅/၂)၊ မြို့ပတ်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ်ရှိ မြေဧရိယာ ၁ ဒသမ ၅၁ ဧကတွင် မတည်ငွေရင်း ပမာဏ ကျပ် ၁၄၀၀ သန်းဖြင့် ဆောင်ရွက်သွားမည့်လုပ်ငန်းဖြစ်ပြီး ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း ၃၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
 ယခုအခါ ကရင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစမှ ယနေ့ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၄ သန်း) နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၁ ခု (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၃၇၆၈၂ ဒသမ ၅၇ သန်း) တို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၁၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,