“ ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၃၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ”

“ ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၃၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ”


Ministry of Information/ ​နေပြည်တော် / June 25, 2019
image_latest


နေပြည်တော်၊ ဇွန်၂၅

ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၃၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဦးက ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များတွင် တရားစွဲနှင့် အမှုလိုက် လုပ်ငန်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ရေးအတွက် များစွာအရေးကြီးပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ မျှတသော တရားစီရင်မှုစနစ် တိုးတက်ကောင်းမွန်ရေးအတွက် တရားလို၊ တရားခံများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် ခံယူချက်နှင့် ကိုယ်ကျင့်တရားများ ကောင်းမွန်ရန် လိုအပ်သကဲ့သို့ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန်လိုအပ်ကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်နှင့် ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဥပဒေများကို နှံ့စပ်ကျွမ်းကျင်ရန် အမြဲလေ့လာ ဆည်းပူးရမည် ဖြစ်ကြောင်း မှာကြားသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,