ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / July 15, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ - ၁ ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်စေနိုင်မည့် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများဖြစ်သည့် Establishment of Korea Desk MoU နှင့် Korea – Myanmar Industrial and Trade Cooperation MoU များအား ဆောလျင်စွာ လက်မှတ်ရေးထိုးသွားနိုင်ရေး၊ နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း သာမက ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းကောင်း များအား ရှာဖွေသွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,