ရခိုင်ပြည်နယ် ဓမ္မာရုံ၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် ဓမ္မာရုံ၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


Ministry of Information/ ရန္ကုန္ / July 21, 2019
image_latest


ရန်ကုန် ဇူလိုင် ၂၁

ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် သတ္တမ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပ ြဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားကို ရခိုင်စည်တော်ရွမ်း၍  ဖွင့်လှစ်ပေးပြီး   ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်း က အခမ်းအနားဖွင့်လျှောက်ထားပြီး ဂေါပကအဖွဲ့ ဦးဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် က သာသနာ တော်ဆိုင်ရာများကို လျှောက်ထားသည်။

ယင်းနောက် မင်္ဂလသုခပါဠိတက္ကသိုလ်မှ  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒဝံသထံမှ ပရိသတ်က ငါးပါး သီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာ ကြသည့် ဆရာတော် သံဃာတော်များက မေတ္တသုတ် တရားတော်များ ချီးမြှင့်တော် မူကြသည်။

ဆက်လက်၍ တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန ၲဣန္ဒပါလ က ဩဝါဒကထာမြွက်ကြားပြီး ဂေါပကအဖွဲ့ ဦးဆောင် နာယက ဦးစိုးဝင်း က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။

ထို့နောက် အလ်ုိတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှ ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တာ ဘိဝံသ ထံမှ ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး တရား တော်ကို နာကြားကြပြီး ရခိုင်ပြည် နယ်  ဓမ္မာရုံ ဂေါပက အဖွဲ့ဝင်များနှင့် မိသားစု များ၊  မြို့နယ်၊ တိုက်နယ်နှင့် လူမှုရေး ဘာသာရေး အသင်း အဖွဲ့များနှင့် အလှူရှင် များက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်း ကြသည်။

ယင်းနောက် ရတနာမာရ်အောင် တောရဓမ္မရိ်ပ်သာဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒ ထံမှ ပရိသတ်က ရေစက်ချအနုမောဒနာတရား နာယူ ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

ထို့နောက် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့က ရခိုင်မောင်မယ် တံမြက်စည်း လှည်းအသင်း အဆောက် အဦး ဆောက်လုပ်ရန်အတွက် အလှူငွေများကို ပေးအပ် လှူဒါန်းပြီး ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးတင်ညွန့် က နိဂုံးချုပ်စကား လျှောက် ထား သည်။

ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက ``ဓမ္မာရုံဂေါပက အဖွဲ့က ရခိုင်တိပိဋကဘွဲ့ရ၊ အဂ္ဂ မဟာ ဘွဲ့ရ ဆရာတော်အပါး ၂၀ ကို ပင့်ဖိတ်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ ရခိုင်လူမှုရေး၊ ဘာသာရေးမြို့နယ် အသင်း အဖွဲ့က တစ်သင်း တစ်ပါးကျစီ ၂၇ ပါးပင့်ဖိတ်ပါတယ်။ စုစုပေါင်းဆရာတော် ၄၇ ပါးကို တစ်နေရာ တည်းမှာ တစ်စုတစ်ဝေးတည်း ဝါဆိုသင်္ကန်းကပ်လှူကြတာ ဖြစ်ပါတယ်´´ဟုပြောသည်။

သတင်း-ရီရီမြင့်

ဓာတ်ပုံ-ရဲထွဋ်

HOT NEWS
January 4,