စာပေဗိမာန်စာအုပ်အသင်း ပဲ့တင်သံကောက်ကြောင်းစာအုပ်ဖြန့်ချိ

စာပေဗိမာန်စာအုပ်အသင်း ပဲ့တင်သံကောက်ကြောင်းစာအုပ်ဖြန့်ချိ


Ministry of Information/ ​နေပြည်တော် / July 22, 2019
image_latest


ရန်ကုန် ဇူလိုင် ၂၁
 
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ် အသင်းက ၂၀၁၆ ခုနှစ် စာပေဗိမာန်စာမူဆုဝတ္ထုရှည် ပထမ စာမူဆုရ စာရေးဆရာ ချစ်နွေမိုး ရေးသားသည့် ပဲ့တင်သံ ကောက်ကြောင်း စာအုပ်ကို စာအုပ်အသင်း၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင် လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ် အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီးကျန် အသင်းဝင် များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး များမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှ တစ်ဆင့်လည်း ကောင်း ပေးပို့လျက်ရှိသည်။
 
စာပေဗိမာန်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေ ဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

HOT NEWS
January 4,