၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀၈၉၂ ဒသမ ၀၆၁ သန်း ရင်းနှီးမြှုပ်နှံ

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀၈၉၂ ဒသမ ၀၆၁ သန်း ရင်းနှီးမြှုပ်နှံ


Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၃

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် စက်မှုကဏ္ဍမှ လုပ်ငန်းနှစ်ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆၅ သန်းနှင့် ငွေကျပ်၁၈ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ၂၆၉ နေရာကို ဖန်တီးပေးနိုင် မည်ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း ၁၇၅၂ ခု ရင်းနှီးမြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၈၉၂ ဒသမ ၀၆၁ သန်းဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေး ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအများ ဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီး မြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၇ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

သတင်းစဉ်

 

HOT NEWS
January 4,