(၁၃၆) ကြိမ်မြောက် မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

(၁၃၆) ကြိမ်မြောက် မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်


Ministry of Information/ ​နေပြည်တော် / August 19, 2019
image_latest


မိတ္ထီလာ ဩဂုတ် ၁၈
 
မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်ကို စက်တင်ဘာ ၆ ရက် မှ စက်တင်ဘာ ၁၆ ရက် (တော်သလင်းလဆန်း ၈ ရက်မှ တော်သလင်းလပြည့်ကျော် ၂ ရက်) အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုထံမှ သိရသည်။
''ဒီနှစ် မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတောျရဲ့ (၁၃၆) ကွိမျမွောကျ ဗုဒ်ဓပူဇနိယပှဲတောျကို တောျသလငျးလဆနျး ၈ ရကျကနေ တောျသလငျးလပွညျ့ကြောျ ၂ ရကျအထိ နှစျစဉျကငြျးပမွဲအတိုငျး စညျကား သိုကျမွိုကျစှာကငြျးပသှားမှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကိုလည်းထည့်သွင်းကျင်းပမှာဖြစ်ပြီး လှေပြိုင်ပွဲဝင်မယ့် အသင်းအရေအတွက် အနေအထားကို ကြည့်ပြီးတော့ အကြီးတန်း၊ အငယ်တန်းခွဲခြားပြီး ကျင်းပမှာပါ။ တော်သလင်းလပြည့်နေ့ မှာ လှေပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်ပြီး ပင့်သံဃာတော်အပါး ၁၀၀ ကျော် ဆွမ်းသပိတ် ဆက်ကပ်လှူဒါန်းပွဲကိုလည်း အဲဒီနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်''ဟု သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။

မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဘုရားပွဲတော်ကာလတွင် ဆိုင်ခန်းကြီး၊ ဆိုင်ခန်းငယ် ၈၀၀ကျော်ဖြင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ ပင်လယ်ဓားပြ လှေများ၊ ချားရဟတ်များ၊ ပျော်ပွဲရွှင်ပွဲ များလည်း ထည့်သွင်းကျင်းပလျက် ရှိသည်။ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲမှာ ဘုရားပွဲတော်လာရောက် လည်ပတ်သူ များ စိတ်ဝင်တစားဖြင့် စည်ကား သိုက်မြိုက်စွာ ကြည့်ရှုအားပေးကြသည့် အထင်ကရ လှေပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)

HOT NEWS
January 4,