တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတွင် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ

တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတွင် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ


Ministry of Information/ ​နေပြည်တော် / August 19, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင် တမံများအနက် အချို့သောရေလှောင်တမံများတွင် မိုးရွာသွန်းမှု အားကောင်း၍ သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော်ကျစီးထွက်လျက်ရှိသည်။

ယနေ့တွင် သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည့် ရေလှောင်တမံ ၂၂ ခု ရှိသည်။ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော ရေလှောင်တမံ များမှာ လှိုင်းဘွဲမြို့နယ်ရှိ ရေဘုတ် ရေလှောင်တမံတွင် ၂ ဒသမ ၀၀ ပေ ၊ ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေ၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ရေလှောင်တမံတွင် ၁ ဒသမ ၂၀ ပေ၊ အုတ်တွင်းမြို့နယ်ရှိ ရေသိုးရေလှောင်တမံတွင် ၁ ဒသမ ၀၀ ပေနှင့် မင်းရဲရေလှောင်တမံတွင် ၀ ဒသမ ၇၀ ပေ၊ ဖြူးမြို့နယ် ရှိ ငမြွေရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေနှင့် ဖြူးချောင်း ရေလှောင်တမံတွင် ၂ ဒသမ ၁၀ ပေ၊ ပဲခူးမြို့ရှိ ရွှေပြည်(၃)ရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေ၊ နတ္တလင်းမြို့နယ်ရှိ တောင်ညိုရေလှောင်တမံတွင် ၀ ဒသမ ၁၀ ပေ၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံတွင် ၀ ဒသမ ၈၅ ပေ၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံတွင် ၄ ဒသမ ၃၀ ပေ၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံတွင် ၁ ဒသမ ၂၀ ပေ၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီး၀ရေလှောင်တမံတွင် ၅ ဒသမ ၂၀ ပေ ၊ သထုံမြို့နယ်ရှိ ဝါးပါးရေလှောင်တမံတွင် ၀ ဒသမ ၂၅ပေ၊ မော်လမြိုင်မြို့နယ် ရှိ ရွှေနတ်တောင်ရေလှောင်တမံတွင် ၀ ဒသမ ၄၅ ပေ၊ ကျောက်တော်မြို့နယ်ရှိ ပြိုင်းချောင်းရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေနှင့် ရှောက်ချောင်းရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေ၊ မင်းပြားမြို့နယ်ရှိ ဂရင်ဂျိုင်ရေလှောင်တမံနှင့် ကြက်တက်ရေလှောင် တမံတို့တွင် ၀ ဒသမ ၁၀ ပေစီ၊ မြေပုံ မြို့နယ်ရှိ တမန်းဒူး ရေလှောင်တမံတွင် ၀ ဒသမ ၂၀ ပေ၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူရေလှောင်တမံတွင် ၀ ဒသမ ၅၀ ပေ နှင့် ကညင်ရေလှောင် တမံတွင် ၁ ဒသမ ၃၀ ပေ ရေများ ကျော်ကျလျက်ရှိသည်။

သတင်းစဉ်

 

HOT NEWS
January 4,