အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေး

အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေး


Ministry of Information/ ​နေပြည်တော် / August 19, 2019
image_latest


တောင်ကြီး သြဂုတ် ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ရေးဆွဲ ထားသော MS-NPAN ၏ဦးစားပေး ရွေးချယ်ထားသည့် တိုင်းဒေသကြီး/ ပြည်နယ် (၇)ခုတို့တွင် ရှမ်းပြည်နယ်ပါဝင်နေပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဧရာဝတီတိုင်းဒေသကြီးတွင် ကနဦး ဆွေးနွေးပွဲများ ဆောင်ရွက်ကာ ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ အာဟာရကဏ္ဍ ပြုပြင်ပြောင်း လဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ပြည်နယ်အဆင့် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ရေရှည် အာဟာရချို့တဲ့မှုကြောင့် ငါးနှစ်အောက် ကလေးများအရပ်ပုမှုသည် ၃၆.၅% ရှိနေပြီး တတိယအများဆုံးဖြစ်နေကြောင်း၊ ရှမ်းပြည်နယ်တွင် အာဟာရ ချို့တဲ့မှု လျော့ကျရေးကို ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် ရန်လိုနေပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း ဝန်ကြီးဌာနမှလည်း အခြားသော ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး အထူးအလေးထား ဆောင်ရွက်နေ ပါကြောင်း၊ ကဏ္ဍပေါင်းစုံပူးပေါင်းပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် များအတွင်း အာဟာရဓာတ်ချို့တဲ့မှု လျော့နည်းပပျောက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် မြေဧရိယာ အလွန် ကျယ်ပြန့်ပြီး မြို့နယ်များအလိုက် မတူကွဲပြားခြား နားသော အခြေအနေများ အမျိုးမျိုး ရှိနိုင်သည့်အတွက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရချို့တဲ့မှုကို ဖြစ်စေသော နောက်ခံအကြောင်းအရင်းများ၊ တိုက်ရိုက်အ ကြောင်းအရင်းများကို ဦးတည်ဖြေရှင်းသော လုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး၊ မြို့နယ်အသီးသီး တွင် ရှိနေသော အရင်းအမြစ်များကို အထိအရောက်ဆုံး အသုံးပြုရန်နှင့် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းမှ အမှာစကား ပြောကြားပြီး၊ ဥရောပသမဂ္ဂအဖွဲ့အစည်း၏ Deputy head of cooperation ဖြစ်သူ Mr.Pedro မှအမှာစကားပြောကြားကြသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဥရောပ သမဂ္ဂအဖွဲ့အစည်း (EU) မှ Head of cooperation, Mr. Pedro, Mr. Alvaro Ortega Aparicio နှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

 

HOT NEWS
January 4,