ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Ministry of Information/ ​နေပြည်တော် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁

 

ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီအနေဖြင့် ရန်ပုံငွေ ရှာဖွေရေး၊ ထိန်းသိမ်းရေး၊ သုံးစွဲရေး လုပ်ငန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ရန်ပုံငွေခွဲဝေသုံးစွဲမှုများကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှ လှူဒါန်းမှုများနှင့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် ဘေးများအတွက် လှူဒါန်းမှုများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ နိုင်ငံတော်မှ နှစ်စဉ်ငွေကျပ် ဘီလီယံ(၂၀)နှင့် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း ရန်ပုံငွေသို့ ထည့်သွင်းပါကြောင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင် သာစွာနှင့် အကျိုးရှိစွာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သုံးစွဲလျက် ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရန်ပုံငွေစာရင်းဖွင့်လှစ်ထားရှိမှု၊ အလှူငွေရရှိမှု၊ သုံးစွဲမှုနှင့် စာရင်းစစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရန်ပုံငွေသုံးစွဲမှုများနှင့်စပ်လျဉ်း၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာသုံးစွဲဆောင်ရွက်မှုများ၊ စနစ်တကျရှိစေရေး ဆောင်ရွက်မှုများ၊ Southeast Asia Disaster Risk Insurance Facility (SEADRIF)နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုကိုတင်ပြဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမျိုးသားကော်မတီသို့ ဆက်လက် တင်ပြနိုင်ရေးညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

 (သတင်းစဉ်)

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •