ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဗီယက်နမ်နိုင်ငံလေ့လာရေး ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဗီယက်နမ်နိုင်ငံလေ့လာရေး ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / September 16, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၆

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၌ ဗီယက်နမ်နိုင်ငံ လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌ မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ လယ်ယာ စိုက်ပျိုးမြေအသုံးချမှုနှင့် စီမံခန့်ခွဲမှုများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး၊ မြေယာဆိုင်ရာဥပဒေများ ရေးဆွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ မှ လေ့လာခဲ့ရသည့် ဗဟုသုတ၊ အတွေ့ အကြုံများကိုရှင်းလင်း တင်ပြကြပြီး တက်ရောက်လာသူများက ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဉီးကျော်စိုးလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းလွင်၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်မမလေး၊ တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးလေးနှင့်အဖွဲ့ဝင် ဦးစိုင်းလုံစံခတ်၊ ပြည်သူတို့၏ တိုင်းကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်သန်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဗဟိုကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးတို့မှတာဝန်ရှိသူများနှင့် Landesa အဖွဲ့မှ Country Director Dr.Mark West ခေါင်းဆောင်သောအဖွဲ့များ တက်ရောက် ခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,