မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပ

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပ


Ministry of Information/ ​နေပြည်တော် / September 20, 2019
image_latest


နေပြည်တော် စက်တင်ဘာ၂၀

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အား သိရှိစေရန်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ မူကြမ်း ရေးဆွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဆက်လက် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ပြဌာန်းပြီးဖြစ်၍ ဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးများကို ဥပဒေနှင့် အညီအပြည့်အဝ ရရှိခံစားနိုင်ရေး၊ ထိရောက်စွာ အကာ အကွယ်ပေးရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လျှင်မြန်ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး တို့နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေး အမြင်ချင်းဖလှယ် နိုင်ခဲ့ကြသည်ကို တွေ့ရပါ ကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (မူကြမ်း) ရေးဆွဲပြီးပါက ဦးစားပေး နယ်ပယ် များအားနှစ်အလိုက် လုပ်ငန်း စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၂၀၁၈-၂၀၃၀ တွင် ပါဝင်သည့်မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့့်ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များအား အလေးထားဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ အကြား ကွာဟမှု များရှိနေသည်ဟု ခံစားရမှုများ လျော့ပါး ပပျောက်၍ သာတူညီမျှ အခွင့်အရေး ရရှိသည်ဟု ခံစားရစေပြီး နိုင်ငံတော်မှ အလေးထား ဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်တပ်တစ်အား အထောက် အကူပြု သွား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန ဥပဒေအကြံပေးအဖွဲ့မှ နည်းဥပဒေများအား ရှင်းလင်းတင်ပြခြင်း တို့ကို ဆောင်ရွက် ကြသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က အခြေခံပညာ ကျောင်းများတွင် မြန်မာဘာသာဖြင့် ရေးဆွဲထားသော ဒေသ သင်ရိုး သင်ကြားနေသည့် အခြေအနေများ၊ တိုင်းရင်းသား ဘာသာဖြင့် ရေးဆွဲထားသည့် ဒေသသင်ရိုးအမျိုးအစားနှင့် အကြောင်းအရာများ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကိုတိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုခြင်း၊ တိုင်းရင်းသားများ အတွက် ကျန်းမာရေး ကအသိပညာပေးစာစောင် ပိုစတာ ဘာသာပြန် ဆိုမှုလုပ်ငန်းများနှင့် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဖွဲ့ စည်းခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နေ့စားလပေး တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမ Teaching Assistant နှင့် Language Teacher ခန့်ထားခြင်း တို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအရပ်ဖက် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက အပြန်အလှန် ဆွေးနွေးကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,