ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ကနဦး ထောက်ပံ့ငွေများ ပေးအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ကနဦး ထောက်ပံ့ငွေများ ပေးအပ်


Ministry of Information/ ပဲခူး / September 22, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်း သူများအတွက် ကနဦးထောက်ပံ့ငွေများ ပေးအပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆ - ၂၀၂၅) ကို ပြဋ္ဌာန်းပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များချမှတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြား သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ကို စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုသည် အဆိုပါ လုပ်ငန်းများ အကောင် အထည်ဖော် နေစဉ် ကာလအတွင်း ကနဦးထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်က မသန်စွမ်းသူများအတွက် မသန်စွမ်း ရန်ပုံငွေ ထူထောင်၍ မသန်စွမ်းသူများအား စွမ်းနိုင်သမျှ စွမ်းအောင် ပံ့ပိုးကူညီပြီး အလုပ်အကိုင်များ ဖော်ဆောင်ရန် ရင်းနှီးမြှုပ်နှံပေးမည် ဖြစ်ကြောင်း၊ ရေရှည်တည်မြဲအောင် အဆင့်ဆင့်ဖွဲ့စည်းထားသော မသန်စွမ်း သူများ အခွင့်အရေး ဆိုင်ရာ ကော်မတီများနှင့် မသန်စွမ်းသူများအသင်း အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မသန်စွမ်းသူများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသူ ၁၅၄၉၁ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၆၄၇၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့နယ် ဂျောင်းတာဒိုင်နယ်အုပ်စု ဂျောင်းတာ - ဆာဆေးတာ လမ်း တံတားပြုပြင်တည်ဆောက်ရန်အတွက် ငွေကျပ် ၉၈ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာ ကြသော မသန်စွမ်း သူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး မသန် စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပဲခူးတိုင်ဒေသကြီးတွင် မသန်စွမ်းသူ ၁၁၅၆၈ ဦးအတွက် ကနဦးထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,