ကရင်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 21, 2018


ဘားအံ စက်တင်ဘာ ၁၉
   ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့်ခရိုင်၊ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ (၃/၂၀၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်နေသည်ကို လယ်ယာမြေတိုင်ကြားစာ ပေးပို့ထားသူများနှင့် ပြည်သူလူထုများအား သိရှိစေလိုကြောင်း၊ မည်ကဲ့သို့ဆောင်ရွက်ထားသည် ဆောင်ရွက်နေသည်ကို သိစေချင်၊ ပြောစေချင်၍ ကြုံကြိုက်သည့်အခါတိုင်းတွင် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက တင်ပြကြစေလိုကြောင်း၊ မြေယာကိစ္စရပ်များကို စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ မြေယာစျေးနှုန်းများ တန်ဖိုးမြှင့်လာသည်နှင့်အမျှ လိုချင်သူများလာကြောင်း၊ မဖြစ်နိုင်သည့် မြေယာကိစ္စရပ်များကို မဖြစ်နိုင်သည့်အလျောက်၊ ဖြစ်နိုင်သည့်ကိစ္စရပ်များကို အားထည့်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
   ထို့နောက် ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများနှင့် သီးခြားမြေယာတိုင်ကြားစာများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ပေးပို့သည့် မြေယာတိုင်ကြားစာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြသည်။
  ယင်းနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များက ညှိနှိုင်းဆွေးနွေးတင်ပြကြာပြီး ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
    ကရင်ပြည်နယ်အတွင်း မြေယာတိုင်ကြားစာအရေအတွက် အမှုတွဲပေါင်း ၂၂၄ မှုတွင် ၁၄၄ မှု ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကာ အမှုတွဲပေါင်း ၈၀ မှု ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက် ပြန်လည်စွန့်လွှတ်မြေများအပေါ် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးမှုအနေဖြင့် စွန့်လွှတ်မြေဧရိယာ ၁၆၁၀ ဒသမ ၃၇၃ ဧကအနက် မူလပိုင်ရှင်တောင်သူနှင့် ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးအပ်ပြီးစီးမှု ၁၃၅ ဒသမ ၉၄ ဧက ရှိကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများက မူလပိုင်ရှင်နှင့်သက်ဆိုင်သူများထံ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေးနှင့်မြေယာတိုင်ကြားစာများအား အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,