မြန်မာနိုင်ငံစာရင်းကောင်စီ၏ ASEAN CPA လက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံစာရင်းကောင်စီ၏ ASEAN CPA လက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ


Ministry of Information/ ရန်ကုန်မြို့ / September 21, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံစာရင်းကောင်စီ၏ ASEAN Chartered Professional Accountants (ASEAN CPA) လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Western Park Restaurant ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး ပူးပေါင်းညှိနှိုင်းကော်မတီက ဆောင်ရွက်သည့် နိုင်ငံအလိုက် စာရင်းပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်အရ မြန်မာနိုင်ငံမှ စာရင်းပညာရှင်များဖြစ်သည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းမှ အသင်းသား များကို သတ်မှတ်ချက်များနှင့်အညီ ASEAN CPA များအဖြစ် အသိအမှတ်ပြုခဲ့ပါကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းဖြင့် မြန်မာနိုင်ငံမှ စာရင်းပညာရှင်များသည် အာဆီယံနိုင်ငံများတွင် စာရင်းပညာ ရှင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့် အရေးများ ရရှိလာမည်ဖြစ်ကြောင်း၊ ASEAN CPA လက်မှတ်ရရှိသူများ အနေဖြင့် စာရင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်း ပညာရပ်ဆိုင်ရာ ကျင့်ဝတ်၊ သိက္ခာ၊ စည်းကမ်းများကို တိကျစွာလိုက်နာ၍ စာရင်း ပညာရှင်၏ ဂုဏ်သိက္ခာ၊ ရိုးသားဖြောင့်မတ် တည်ကြည်စွာဖြင့် ပြည်တွင်း သာမက ပြည်ပနိုင်ငံများကပါ အားထားရသော စာရင်း ပညာရှင်များဖြစ် အောင် ကျင့်ကြံနေထိုင် လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းသား ၁၁၃ ဦးကို ASEAN CPA လက်မှတ်များ ပေးအပ်သည်။

(သတင်းစဉ်)

HOT NEWS
January 4,