AA အကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ


Ministry of Information/ ​နေပြည်တော် / June 04, 2020


နေပြည်တော် ဇွန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတား အနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေး ထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။

ဖြစ်စဉ်မှာ အများပြည်သူသွားလာ အသုံးပြုလျက် ရှိသော ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး ပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပုဏ္ဏားကျွန်း မြို့အဝင် ကင်းချောင်းတံတားအနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ် စီးနင်းလာသော ဇော်မင်းဦး (၃၅)နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး(၄၇)နှစ်၊ (ဘ)ဦးခင်အေးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိ ခဲ့ကြောင်း။

မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ သည့် ဝင်းနိုင်စိုးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးမှူးဖြင့် ကနဦး ဆေးကုသ မှုများ ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများ ဆောင်ရွက်ပေး လျက် ရှိကြောင်း။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင် ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ပြတ်တောက် စေရန် နှောင့်ယှက်တိုက်ခိုက်ဖြတ်တောက် ပိတ်ဆို့မှု များ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော လမ်းကြောင်းများပေါ်တွင်လည်း မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှ ယနေ့အထိ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံပြည်သူ ၁၅ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 သတင်းစဉ်

HOT NEWS
January 4,