Coronavirus Disease 2019 (COVID-19)လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၃-၂-၂၀၂၀ ရက်နေ့၊ ည (၈) နာရီ)

Coronavirus Disease 2019 (COVID-19)လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၃-၂-၂၀၂၀ ရက်နေ့၊ ည (၈) နာရီ)


Ministry of Information/ ​နေပြည်တော် / February 13, 2020


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်တွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လန်ချန်းဆေးရုံတွင် (၂၁-၁-၂၀၂၀) ရက်နေ့မှ (၂-၂-၂၀၂၀) ရက်နေ့အထိ အူအတက်ပေါက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး လောက်ကိုင်မြို့သို့ (၄-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ကာ (၉-၂-၂၀၂၀) ရက်နေ့မှ စ၍ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခွဲစိတ်ထားသော ချုပ်ရိုးနေရာမှ ပြည်များစိမ့်ထွက်ခြင်း စသည့် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပြဿနာများဖြင့် (၁၃-၂-၂၀၂၀) ရက်နေ့တွင် လားရှိုးပြည်သူ့ဆေးရုံကြီး သို့ ပြသ၍ ကုသမှုခံယူခဲ့ပါသည်။ လူနာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိခြင်းနှင့် ကိုယ်အပူချိန်မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိအခြေအနေအရ ခွဲစိတ်မှု ၏ နောက်ဆက်တွဲ ပိုးဝင်ခြင်းဖြစ်နိုင်သော်လည်း ပိုမိုသေချာမှုရှိစေရန် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသမှုပေးလျက်ရှိ‌ပါသည်။ လူနာထံမှဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလူနာတွင် လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။

၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ (၁၂-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိ ခဲ့ပြီး (၁၃-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲ နမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။

၄။ ယနေ့ (၁၃-၂-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ လူနာ (၁၈) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ref: Ministry of Health and Sports, Myanmar

HOT NEWS
January 4,