COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ


Ministry of Information/ ​နေပြည်တော် / June 04, 2020


နေပြည်တော် ဇွန် ၄

 

၁။ (၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈၄)ခုအား (၄-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိခဲ့ပါသည်။

၂။ (၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၄) ဦးရှိပါသည်။

၃။ (၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၃) ခု၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၃၃၉)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ (၂၇၈) ခု နှင့်

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၅) ခု၊

• စုစုပေါင်း (၁,၉၀၅) ခုအား စစ်ဆေးခဲ့ပြီး၊ (၄-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

# Ministry of Health and Sports, Myanmar

HOT NEWS
January 4,