COVID-19 Call Center အချိန် ပြောင်းလဲဖွင့်လှစ်

COVID-19 Call Center အချိန် ပြောင်းလဲဖွင့်လှစ်


Ministry of Information/ ​နေပြည်တော် / July 08, 2020


နေပြည်တော် ဇူလိုင် ၇

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ပူးပေါင်း၍ COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉)အား ဧပြီ ၈ ရက်မှစ၍ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီး ဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ စေတနာ့ ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့် ဖွင့်လှစ်ထားရှိသည်။
ယခုအခါတွင် COVID-19 Call Center ခေါ်ဆိုမှု အချိန်ကို နံနက် ၈ နာရီမှ ည ၈ နာရီအထိ (အစား) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။
သတင်းစဉ်

HOT NEWS
January 4,