Myanmar Public Sector Accounting Conference ကျင်းပ

Myanmar Public Sector Accounting Conference ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၃

အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် စာရင်းစံများ၏ အရေးပါမှုကို သတိပြု မိစေရန်အတွက် European Union Trust Fund နှင့် ကမ္ဘာ့ဘဏ် ၏ နည်းပညာ အကူအညီတို့ဖြင့် ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပ သည့် Myanmar Public Sector Accounting Conference ကို ယမန်နေ့ က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းတို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံ တကာစာရင်းပညာရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်း/ လုပ်ငန်းနယ်ပယ်များမှ ပညာရှင် ၁၃ ဦးတို့က မြန်မာနိုင်ငံ ၏ ပြည်သူ့ကဏ္ဍစာရင်း ရေးသွင်းစနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေ များ၊ နိုင်ငံ တကာ ပြည်သူ့ကဏ္ဍစာရင်းစံH (International Public Sector Accounting Standards – IPSAS) သို့ ကူးပြောင်းရာတွင် အဓိကအကျိုးသက် ရောက်သည့် အချက်များ၊ IPSAS ကို လက်ခံကျင့် သုံးနေပြီဖြစ်သော နိုင်ငံ နှစ်နိုင်ငံ၏ အတွေ့အကြုံများနှင့် ပုဂ္ဂလိက ကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီ ရင်ခံခြင်းများစံသို့ ကူးပြောင်း ဆောင်ရွက် မှုအခြေအနေများကို ပါဝင်ဆွေးနွေးကြ ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ကြသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ နှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံပိုင်ကဏ္ဍ တွင် စီမံခန့်ခွဲမှုခိုင်မာမှုရှိစေရေး၊ ပိုင်ဆိုင် ပစ္စည်းများ ထိရောက် စွာ စီမံခန့်ခွဲ အသုံးချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ ဆောင်ရွက်ရေး၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ကောင်းမွန်စေရေးနှင့် အစိုးရ အဖွဲ့အစည်း များ၏ စာရင်းများပွင့်လင်းမြင်သာမှု၊ တစ်ပြေးညီ စာရင်းပြုစုထိန်းသိမ်းမှု၊ စာရင်းများ တိကျ ပြည့်စုံမှုရှိရေးတို့သည် လွန်စွာအရေးကြီးသည့် အခြေအနေ တစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံပိုင် ကဏ္ဍ အစိုးရဌာန အဖွဲ့အစည်းများ၌ နိုင်ငံတကာ စာရင်းစံများကို လိုက်နာကျင့်သုံး၍ ငွေသားစီးဆင်းမှုအခြေခံမှ စေ့ရောက်မှု အခြေခံ သို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်း ရောက်ရှိပြီး မြန်မာနိုင်ငံတွင် ပိုမိုကောင်း မွန်သည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ တာဝန် ယူမှု၊ တာဝန်ခံမှု၊ အားကောင်း သည့် ပွင့်လင်းမြင်သာမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံရန်နှင့် နိုင်ငံ၏ ဘဏ္ဍာရေး စီမံ ခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန်အတွက် လိုအပ်သော ရန်ပုံငွေ ကူညီထောက်ပံ့ ပေးသူ များ၊ အလှူရှင်များတိုးမြင့်လာ ခြင်းစ သည့် အခြေအနေကောင်းများ ဖြစ်ထွန်းမှုတွင် တစ်စုံတစ်ခုသော အတိုင်း အတာအထိ အကျိုးရလဒ်များ ရရှိစေ မည်ဟု မျှော်မှန်းကြောင်း သိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,