နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုရှားသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် National Security Advisor of the United States of America တို့အား သီးခြားစီတွေ့ဆုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုရှားသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် National Security Advisor of the United States of America တို့အား သီးခြားစီတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုရှားသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် National Security Advisor of the United States of America တို့အား သီးခြားစီတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / November 05, 2019


 

ဗန်ကောက် နိုဝင်ဘာ ၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် ရုရှားသမ္မတနိုင်ငံ ဝန်ကြီးချုပ် နှင့် National Security Advisor of the United States of America တို့အား အာဆီယံထိပ်သီး အစည်းအဝေးကျင်းပသည့် Impact Exhibition and Convention Center ၌ သီးခြားစီတွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရုရှားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Dmitry Medvedev တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် Impact Exhibition and Convention Center ရှိ Sapphire – 111 ၌ တွေ့ဆုံကြ သည်။

တွေ့ဆုံစဉ် မြန်မာ - ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာ စေရေး၊ စွမ်းအင်၊ စက်မှု၊ မြို့ပြလေကြောင်း၊ ပညာရေး ကဏ္ဍများအပါ အဝင် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရေး၊ မြန်မာ - ရုရှားကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပသွားရေး၊ အဆင့်မြင့်ကိုယ် စားလှယ်များ အပြန်အလှန် လည်ပတ်ရေးနှင့် နိုင်ငံတကာမျက်နှာစာ တွင် ဆက်လက်၍ နီးကပ်စွာပူးပေါင်းဆောင်ရွက် သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် National Security Advisor of the United States of America , Mr. Robert C.O´ Brien အား ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Impact , Sapphire – 104 ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာလာရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် သားရဲတိရိစ္ဆာန် တရားမဝင် ရောင်းဝယ်မှုတားဆီးကာ ကွယ်တိုက်ဖျက်ရေး၊ ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား နှစ်နိုင်ငံသဘောတူ စာချုပ်နှင့်အညီ ပြန်လည်စိစစ်လက်ခံရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNHCR၊ UNDP တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် ဦးကျော်တင် တို့တက်ရောက်ကြသည်။

(သတင်းစဉ်)