သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ - သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

Sagaing Region Government/ မုံရွာမြို့ / September 13, 2019


၂၀၁၉ ခုနှစ်၊ သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို (၁၃-၉-၂၀၁၉)ရက်နေ့ (၀၈၀၀)အချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဘိုသန်းညွန့်၊ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ ကောလိပ်/ အခြေခံပညာ အထက်တန်းကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ တက္ကသိုလ်/ကောလိပ်များမှ ဆုရကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ သူနာပြု/သားဖွား သင်တန်းကျောင်းမှ ကျောင်းသူများ၊ အခြေခံပညာ အထက်တန်းကျောင်းအဆင့် ဆုရကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထု (၅၁၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုရကျောင်းသား/ သူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အသိပညာပေး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် တက္ကသိုလ်/ ကောလိပ်အဆင့် ဆုရရှိသူ(၈)ဦး၊ အထက်တန်းအဆင့် ဆုရရှိသူ( ၈ )ဦး စုစုပေါင်း ( ၁၆ )ဦးတို့အား ဆုချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့် ကျောင်းသား/သူများကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် စုစုပေါင်း( ၁၀၂၀ )စောင် ဖြန့်ဝေကာ အခမ်းအနားကို (၀၉၀၀)အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

​​​​​​​

 

 

 

 

 

အထူးသတင်း