စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကုဌာနဖွင့်ပွဲ တက်ရောက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကုဌာနဖွင့်ပွဲ တက်ရောက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကုဌာနဖွင့်ပွဲ တက်ရောက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Sagaing Region Government/ မုံရွာမြို့ / September 13, 2019


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သော ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကုဌာန ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ သီတဂူ အဓိပတိဆရာတော် ဦးညာဏိဿရက ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်ကို ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သီတဂူစက္ခုဒါန အမှတ်တံဆိပ်အား အမွှေးနံ့သာရေများ ပက်ဖျန်းကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကုဌာန ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံများကိုယ်စား များစွာ ဝမ်းသာပီတိ ဖြစ်မိပါကြောင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့်အတူ အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ယင်းနောက် သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း စက္ခုဒါန-မျက်စိအထူးကု ဌာနအတွင်း ဆေးကုသမှုခံယူနေသော ပြည်သူများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာအုပ်စု၊ ဖိုးဝင်းတပ်ကျေးရွာ၊ မေတ္တာရွှေပြည် ကျောင်းတိုက်တွင် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံး ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) ကွင်းဆင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျောင်းသူ ကျောင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •