စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း


Ministry of Agriculture, Livestock and Irrigation / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

စနစ်ကျလယ်မြေဖော်ထုတ်လိုသည့် တောင်သူ (သို့မဟုတ်)ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများမှ စနစ်ကျလယ်မြေဖော်ထုတ် ပေးပါရန် လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာစက်မှုလယ်ယာစခန်းများသို့ ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်။

ဝန်ဆောင်ခ

စနစ်ကျလယ်မြေ(၁)ဧကဖော်ထုတ်ခြင်းအတွက် ပေးသွင်းရမည့် ဖော်ထုတ်ခနှုန်း-၁၆၀၀၀၀ ကျပ်

၁။ကန်သင်းဖျက်ခြင်း           

၂။မြေညှိရန်ထယ်ထိုး၊ထွန်မွှေခြင်း       

၃။ကန်သင်းတင်ခြင်း

၄။မြေညှိခြင်းတို့ ပါဝင်ပါသည်။

စနစ်ကျလယ်မြေ(၁)ဧကဖော်ထုတ်ခြင်းအတွက် ပေးသွင်းရမည့် ဖော်ထုတ်ခနှုန်း-၁၉၀၀၀၀ ကျပ်

၁။ကန်သင်းဖျက်ခြင်း           

၂။မြေညှိရန်ထယ်ထိုး၊ထွန်မွှေခြင်း       

၃။ကန်သင်းတင်ခြင်း

၄။မြေညှိခြင်း နှင့်                

၅။ထယ်(၂)လွှာ(သို့)ထယ်(၁)လွှာရိုတာဗေတာ(၁)လွှာတို့   ပါဝင်ပါသည်။

(စက်မှုလယ်ယာစနစ်ကျလယ်ယာမြေတွင် ပါရှိရမည့် ကုန်ထုတ်လမ်း၊ ရေသွင်း/ရေနှုတ်မြောင်းများ ဖော်ထုတ်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။)

လိုအပ်သောစာရွက် စာတမ်းများ

တောင်သူများကိုယ်တိုင်ဖော်ထုတ်လိုကြောင်းသဘောတူလက်မှတ်

လျှောက်ထားရန် အဆင့်များ

စနစ်ကျလယ်မြေဖော်ထုတ်ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ စက်မှုလယ်ယာစခန်းများမှ ခရိုင်၊တိုင်းဒေသကြီး/ပြည်နယ်၊ ရုံးချုပ်သို့ ဆောင်ရွက်ခွင့်ပြုရန် အဆင့်ဆင့်တင်ပြဆောင်ရွက်ရမည်။

ဆက်သွယ်ရမည့်လိပ်စာ

စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ

စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ

Website လိပ်စာ

မရှိပါ