လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းများ


Ministry of Agriculture, Livestock and Irrigation / April 10, 2018

ဝန်ဆောင်မှုများ

(က) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း သီတင်း(၂)ပတ်

(ခ)  လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းများ သီတင်း(၄)ပတ်

(ဂ)  လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း သီတင်း(၈)ပတ်နှင့်

(ဃ) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း သီတင်း(၈)ပတ်

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

(က) အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ရမည်။

(ခ)  ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းရမည်။

(ဂ)  အနိမ့်ဆုံးပညာအရည်အချင်းအဌမတန်းအောင်မြင်ရမည်။

(ဃ) သင်တန်းနှင့်ပတ်သက်၍အမှန်တကယ်စိတ်ဝင်စားသူဖြစ်ရမည်။

(င)  သင်တန်းကာလပြီးဆုံးသည်အထိဝန်ခံကတိပြုသူဖြစ်ရမည်။

ဝန်ဆောင်ခ

အခမဲ့

လိုအပ်သောစာရွက်စာတမ်းများ

(က) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ

(ခ)  ဓါတ်ပုံ (Passport size)

(ဂ)  ကိုယ်တိုင်ဖြည့်စွက် လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာမူရင်း

(ဃ) လျှောက်လွှာပုံစံများကို မိမိဒေသနှင့်နီးစပ်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်မှုလယ်ယာစခန်းများတွင် အခမဲ့ ရယူ/ တောင်းခံ ဖြည့်စွက်ရန်)

လျှောက်ထားရန်အဆင့်များ

အဆင့် - ၁

မိမိတက်ရောက်လိုသည့် သင်တန်း/ သင်တန်းကာလနှင့် အနီးစပ်ဆုံး တက်ရောက်နိုင်မည့် သင်တန်းတည်နေရာ အစီအစဉ်တို့ကို ထိုစက်မှုလယ်ယာစခန်းများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

အဆင့် - ၂

မိမိဒေသနှင့်နီးစပ်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်မှုလယ်ယာ စခန်းများတွင် သွားရောက်၍ လျှောက်လွှာပုံစံများကို အခမဲ့ ရယူ/တောင်းခံ ဖြည့်စွက် စာရင်းပေးသွင်းနိုင်သည်။

အဆင့် - ၃

မိမိလျှောက်ထားသည့် သင်တန်းတွင် ဝင်ခွင့်ရ/မရကို  မိမိလျှောက်လွှာပုံစံ ဖြည့်စွက် စာရင်းပေးသွင်းသည့် စက်မှုလယ်ယာစခန်းများသို့ ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍လည်းကောင်း ပြန်လည်စုံစမ်း မေးမြန်းရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

တိုင်းဒေသကြီး/ပြည်နယ်များရှိနီးစပ်ရာစက်မှုလယ်ယာစခန်းများ၊ စက်မှုလယ်ယာ စခန်းဆွယ်များ

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းသီတင်း(၂)ပတ်

တိုင်းဒေသကြီး/ပြည်နယ်များရှိမြို့နယ်စက်မှုလယ်ယာစခန်းများ/စခန်းဆွယ်များ

လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းသီတင်း(၄)ပတ်

အမှတ်(၁)ပင်မစက်ပြင်အလုပ်ရုံ၊ကျိုက္ကလို့-ရန်ကုန်မြို့

အမှတ်(၂)ပင်မစက်ပြင်အလုပ်ရုံ၊အင်းကုန်း-ကျောက်ဆည်မြို့

စက်မှုလယ်ယာသင်တန်းကျောင်း၊ရေဆင်း-ပျဉ်းမနားမြို့

အမှတ်(၁)အလတ်စားစက်ပြင်အလုပ်ရုံ၊ ပျဉ်းမနားမြို့

အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ၊ ဟင်္သာတမြို့

အမှတ်(၃)အလတ်စားစက်ပြင်အလုပ်ရုံ၊ မကွေးမြို့

အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ၊ မြောင်းမြမြို့

အမှတ်(၅)အလတ်စားစက်ပြင်အလုပ်ရုံ၊ မအူပင်မြို့

အမှတ်(၆)အလတ်စားစက်ပြင်အလုပ်ရုံ၊ မုံရွာမြို့

အမှတ်(၇)အလတ်စားစက်ပြင်အလုပ်ရုံ၊ သထုံမြို့

အမှတ်(၈)အလတ်စားစက်ပြင်အလုပ်ရုံ၊ရွှေညောင်မြို့

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းသီတင်း(၈)ပတ်

ဗဟိုသင်တန်းကျောင်း၊မိတ္ထီလာမြို့

ဗဟိုသင်တန်းကျောင်း၊ဘုရားကြီးမြို့

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းသီတင်း(၈)ပတ်

ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့

Website လိပ်စာ

မရှိပါ။